သျှမ်းပြည်နယ် မြို့ဝင်၊ ထွက် ဆိုင်းဘုတ်များ သျှမ်းစာဖြင့်ရေးသားခွင့်ပြုပြီးမှပြန်ဖျက်ခိုင်း



သျှမ်းပြည်တောင်ပိုင်း မြောက်ပိုင်း အရှေ့ပိုင်း မြို့ရွာအဝင်အထွက်များတွင် လှိုက်လဲစွာကြို ဆိုခြင်း ၊ နှုတ်ခွန်း ဆက်သခြင်းအစရှိ သျှမ်းစာဖြင့် ရေးသား ထားသော ဆိုင်းဘုတ်များအား ရေးသား စိုက်ထူရန် သျှမ်းလူမျိုး စည်ပင် သာယာရေး ၀န်ကြီးက ညွှန်ကြားလိုက်သည့်နောက်ပိုင်း တပတ်မပြည့် မှီ အစီအစဉ်အား ရပ်နားပြီး ပြန်ဖျက်ရန် ထပ်မံ ညွှန်ကြားခဲ့သည် ။


မြို့ဝင်မြို့ထွက် ဆိုင်းဘုတ်များအား သျှမ်းဘာသာဖြင့်ရေးသားရန် NLD အစိုး ရ အဖွဲ့ဝင် သျှမ်းပြည် နယ် စည်ပင်သာယာရေးဝန်ကြီးဌာန ၀န်ကြီး စိုင်းစွံဆိုင်း က ညွှန်ကြားထားကြောင်း ၊ ထိုညွှန်ကြား ချက်အား သျှမ်းပြည်နယ်အတွင်း တိုင်းရင်းသားမျိုးနွယ်စုလက်နက်ကိုင်တပ်ဖွဲ့ (ပြည်သူ့စစ်) ခေါင်းဆောင်တဦး က စစ် တိုင်းမှူးကြီးတဦးထံ ကန့်ကွက်စာပေးပို့ခဲ့ကြောင်း ၊ သည့် အတွက် တိုင်းမှူးကြီးက သျှမ်းပြည်နယ်အစိုးရ နယ်စပ်ကာကွယ်ရေးနှင့် လုံခြုံရေး ၀န်ကြီးဌာန ၀န်ကြီးထံ သျှမ်းစာဖြင့် မြို့ဝင်မြို့ထွက် ဆိုင်းဘုတ်ပြုလုပ်ရေး စီမံကိန်းရပ်တန့်ရန် ညွှန်ကြားစေကြောင်း သျှမ်းပြည်နယ်အစိုးရ ၀န်ကြီး အသိုင်း အဝိုင်းကပြောသည် ။


ထိုသို့ အကြောင်းပြချက် တိတိကျကျ ဖော်ပြခြင်းမရှိဘဲ ရေးပြီးသား ကိုပြန် လည်ဖျက်ခိုင်းခြင်းအပေါ်လည်း သျှမ်းစာပေမြတ်နိုးသူများနှင့် စာပေ သင်ကြားရေးဆရာ ဆရာမများက သိရှိလိုကြသည် ။


၎င်းနှင့်ပတ်သက်ပြီး တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုကော်မတီမှ ဆရာမ နန်းနွန်းမိုက - " သျှမ်းပြည်နယ် စည်ပင်ဝန်ကြီးရဲ့ ခွင့်ပြုချက်နဲ့ မြို့အဝင်ဆိုင်းဘုတ်တွေ ကို မြန်မာ စာ ၊ မိခင်ဘာသာ စာနဲ့ အင်္ဂလိပ်စာ ဘာသာတွေ နဲ့ ရေးထိုး တပ်ဆင်ခွင့် ရတယ် ဆိုတော့ တိုင်းရင်းသားတယောက်အနေနဲ့ ဝမ်းသာ တာ ပေါ့ ။ မြန်မာဘာသာနဲ့က မြို့အဝင်တိုင်းမှာ နဂို ရှိပြီးသားဆိုတော့ အချို့နေရာမှာ မိခင်ဘာသာနဲ့ နဂို ဆိုင်းဘုတ် ပေါ် စာလုံးထပ်ဖြည့်လိုက်တာ ရှိသလို အချို့မြို့တွေက စာလုံးထပ်ဖြည့်ဖို့ နေရာအခက်အခဲ ရှိတော့ သျှမ်း စာနဲ့ ဆိုင်းပုဒ်အသစ်တခု သပ်သပ် ရေးထောင် လိုက်တာ ရှိတယ် ။ ပြည်ေ ထာင်စု မြန်မာနိုင်ငံထဲမှာ မြန်မာစာက ရုံးသုံးစာ ဆိုတော့မပါမဖြစ်ပါရမယ် ဆိုတာကို သဘောပေါက် ပါတယ်။ အဲ့လိုပဲ နိုင်ငံခြားသားနဲ့ အခြားတိုင်းရင်း သားတွေ ဆိုင်းဘုတ်လာဖတ်ရင် သျှမ်းမြို့ ၊ သျှမ်းရွာ တွေရဲ့ နဂိုနာမည် အသံထွက် မှန်မှန်ကန်ကန် ထွက်နိုင်အောင် အင်္ဂလိပ်ဘာသာနဲ့ လည်းေ ရးထိုးဖို့ စီစဉ်နေတဲ့အချိန် အချို့မြို့လည်းရေးပြီးသား ရက်ပိုင်း အတွင်း ၊ အချို့မြို့လည်းရေးလက်စနဲ့ မိခင်ဘာသာ စာနဲ့ရေးထိုးထားတာကိုရုတ်ချည်း ဖျက်ခိုင်းလိုက် တယ်ဆိုတော့ စိတ်မကောင်းဖြစ်မိသလို ဘဝင်လည်း မကျ ဘူးပေါ့။ ဒါ ဘာကြောင့်လဲ ?ဘာပြသာနာလဲ?ဆိုတာ သိချင်ပါတယ် ။ "


အကြောင်းရင်းသိရအောင် စည်ပင်ဝန်ကြီးထံဖုန်းဆက်မေးမြန်းသော်လည်း ၀န်ကြီးက - ပြန်လည်ဖြေကြားရန် မအား - ဟု တုန့်ပြန်ပြောဆိုခဲ့သည် ။


သျှမ်းပြည်နယ်မြို့တော် တောင်ကြီးအပါဝင် ၊ ပင်လုံ ၊ နမ့်ဇန် ၊ ကွန်ဟိန်း ၊ သျှမ်း ပြည် အရှေ့ပိုင်း တာချီလိတ် ကျိုင်းတုံ နှင့် သျှမ်းပြည်မြောက်ပိုင်းအတွင်း သျှမ်း စာဖြင့်ရေးသားရန် ၊ ရေးသားဆဲ ဆိုင်းဘုတ်များ ပြန်ဖျက်ရန် သျှမ်းပြည် နယ် အစိုးရ စည်ပင်သာယာရေး ၀န်ကြီးဌာနက ပြန်လည် ညွှန်ကြားသည်ဟု သျှမ်း စာ မြို့ဝင်ဆိုင်းဘုတ်ဆောက်လုပ်ရေးတွင်ပါဝင်သူ ပင်လုံ လူငယ် တဦးက ဤကဲ့သို့ ပြောသည် ။


“သူများပြောသာ ရပ်ဆိုတော့လည်း ရပ်ရုံဘဲပေါ့ ။ ဘာကြောင့် ရပ်ခိုင်း လဲ ဆိုတော့ ကျနော်တို့လည်း စည်ပင်ကို မေးကြည့်တော့ ပြည်နယ်ရုံးက ယာယီ ရပ်ထားဖို့ပြောလာလို့ ရပ်ထားခိုင်းတယ် ။ ဘာကြောင့် ရပ်ဆိုင်း ထားခိုင်း လဲ ဆိုတာတော့ သူတို့ မပြောနိုင်ဘူး ။ ရပ်ဆိုင်းဖို့ ညွန်ကြားစာ လည်းမထွက် လာေ သး ဘူး ။ လောလောဆယ် ခုလုပ်နေတာတွေ ယာယီရပ် ဆိုင်းဖို့ ဘဲပြော တယ်” - ဟု စိုင်းဆုကပြောသည် ။


ပင်လုံမြို့တွင် အဆိုပါ ဆိုင်းဘုတ်ဆောက်လုပ်ထူထောင်ရန် ရပ်ရွာလူထုထံ အလှူငွေများကောက်ခံ ကာ စုပေါင်းအားဖြင့်ပြုလုပ်ရကြောင်း ၊ ဂျွန်လ ၁၅ ရက်နေ့မှစတင်၍ မြို့ဝင်၊ မြို့ထွက် ဆိုင်းဘုတ်များ စတင်ဆောက် လုပ် ခဲ့ကြောင်း ပင်လုံသျှမ်းလူငယ် စိုင်းဆု ကပြောသည် ။


“ နောက်သုံးလေး ရက်နေလို့ ရပ်ဆိုင်းရတဲ့ အကြောင်းရင်းမသိရရင်လည်း ကျနော်တို့ ဆက်လုပ်သွား မယ်။ ဆိုင်းဘုတ်အဟောင်းနား စာလုံးပြန်သွားေ ပြာင်း တာမဟုတ်ဘူး အသစ်ဘဲပြန်လုပ်တာ ။ တကယ့်အကြာင်း ရင်းက ဘာလဲဆိုတာ ပြည်နယ်အစိုးရ ဆီမှာသိချင်တယ် ဘယ်အချက်နဲ့ မကိုက် ညီလည်းပေါ့နော်။ ပွင့်ပွင့်လင်းလင်း သိချင်တယ် ” ဟု စိုင်းဆု ကပြောသည် ။


သျှမ်းပြည်နယ်တွင် မိခင်ဘာသာစာပေဖြင့် မြို့အဝင်ဆိုင်းဘုတ်များရေးသား ခွင့်ပြုပြီးမှ ပြန်လည်ပိတ်ပင် ဟန့်တား ခဲ့သည်မှာ ပွင့်လင်းမြင် သာမှု မရှိ သကဲ့သို့ မိခင်ဘာသာစာပေလွတ်လပ်ခွင့်လည်းမရှိကြောင်း တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုကော်မတီမှ ဆရာမ နန်းနွန်းမိုကပြောသည် ။


"ဒီမိုကရေစီ စနစ်မှာ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ နေထိုင်တဲ့ တိုင်း ရင်းသားတွေအားလုံး မိမိတို့ရဲ့ မိခင်ဘာသာ စာပေ ၊ ယဉ်ကျေးမှုကို လွတ် လပ်စွာ သင်ကြား အသုံးပြုခွင့် ရှိတယ် - ဆိုတာကြီးက ဘယ်ရောက် သွား တာလဲ ၊ သျှမ်းပြည်နယ်ဆိုတာ အားလုံးကသိနေကြတာ မို့လို့ သျှမ်းစာ နဲ့ရေး တာ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာမှု မရှိဘူး လို့တော့ ကျမ မြင် တယ်။ ပြန် ဖျက်ခိုင်းတဲ့ကိစ္စနဲ့ပါတ်သက်ပြီး ဘာကြောင့်လဲ ဆိုတာပွင့်လင်းမြင်သာမှု မရှိဘူး ။ ဒီကိစ္စနဲ့ပါတ်သက်ပြီးသက်ဆိုင်ရာအစိုးရ နဲ့ သျှမ်း CSOs တွေနဲ့ တွေ့ဆုံဖို့ လိုအပ်ပြီး သျှမ်း CSOs တွေရဲ့ သဘောထားကို ခံယူသင့် တယ်လို့ ကျမ ထင်ပါတယ်။ဒါမှလည်း ပြသနာတခုကို ပြေလည်စွာ ဖြေရှင်းနိုင်မဲ့ နည်းလမ်း ထွက်ပေါ်လာနိုင်မယ်လို့ ယုံကြည်ပါတယ် ။"


သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင်လည်း သျှမ်းဘာသာ ဖြင့် ရေး ထား သည့် မြို့အဝင် ဆိုင်းဘုတ် ကို အစိမ်းရောင် ပိတ်စဖြင့် ပြန်လည် ဖုံးအုပ် ထားခြင်းခံရကြောင်း တာချီလိတ်မြို့ခံတဦးက လည်းပြောသည် ။


သျှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ရက် (၁၀၀) စီမံချက်တွင် ပြည်နယ် စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၏ လမ်းညွှန်ချက်တစ်ခုဖြစ်သည့် သျှမ်းပြည်နယ်အတွင်း မြို့အဝင်ဆိုင်းဘုတ် များအား မြန်မာ - သျှမ်း နှစ် ဘာသာဖြင့် ရေးသားဖော်ပြရန် ပါရှိရာ သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီး၏ မြို့အဝင် ဆိုင်းဘုတ်များအား ပြောင်းလဲရေး သားနေ လျှက် ရှိသည့်အနက် တာချီလိတ်မြို့အဝင် ဆိုင်းဘုတ်အား သျှမ်းဘာသာ စာ သားဖြင့် ပြောင်းလဲ ရေးသားထားသည် - ဟု တာချီလိတ်မြို့နယ် စည်ပင် သာယာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်း က ပြောကြောင်း ဂျွန် ၁၈ ရက်နေ့က တာချီလိတ် သတင်းအေဂျင်စီ ကရေးသားဖော်ပြ ထားသည် ။


သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ၊ သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့ ၊ ကျိုင်းတောင်းမြို့ ၊ လွိုင်လင်မြို့ ၊ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ များတွင် သျှမ်းစာဖြင့် မြို့ဝင်မြို့ထွက်ဆိုင်းဘုတ်များ ရေးသားပြီး စီးပြီးဖြစ်ေ ကြာင်း ၊ တောင်ကြီး မြို့ အပါအဝင် ၊ မိုင်းရှူး ၊ ကျေးသီး ၊ မိုင်းနောင် နှင့် အခြားမြို့များတွင်လည်း ပြုလုပ် ရန်ပြင် ဆင်နေကြောင်း ကြားသိရသည် ။


သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ လွိုင်လင်မြို့အဝင်ဆိုင်း ဘုတ်ရှိ သျှမ်းစာလည်း ဖျက်ခိုင်းခြင်းခံရသည်ဟု သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates