သာသနာ့မြေ သင်္ချိုင်းမြေပိုင်ဆိုင်ကြောင်းပြဖို့ ဘုန်းတော်ကြီးအား ပုံပါကျင်မြို့ အုပ်ချုပ်ရေးမှူးတောင်း



သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ ပေါ် ရှိ သာသနာ့မြေဝင် သင်္ချိုင်းကုန်း အား ခြံစည်းရိုး ခတ်ပေး နေသည့် ဘုန်းတော်ကြီးအား မြို့နယ်အုပ်ချုပ်ရေးမှူးက မြေယာပိုင်ဆိုင်မှု အထောက်အထား ပြစေကာ ဟန့်တားသည်ဟု ဒေသခံများက ပြောသည် ။


ဂျွန်လ ၆ ရက် နံနက်ပိုင်းက ပုံပါကျင်မြို့ အမှတ် ၁ ရပ်ကွက် ရှိ သာသနာ့ဝတ္တကမြေဖြစ်သည့် ဆရာ တော် ဘုရားကြီးများ၏ အုတ်ဂူတော်များအား ဝမ့်လုံကျောင်း ဆရာတော် ဘုရားက အလုပ်သမားများ နှင့် အတူ ရှေ့မျက်နှာစာ အုပ်နံရံ သွားရောက် ခတ်ကြောင်း ၊ ထိုစဉ်ပုံပါကျင်မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးခိုင်ဝေလင်း က အာဏာသုံးပြီး သွားရောက်ကန့်ကွက်သည်ဟု ဆိုသည် ။


“ နံနက် ၇ နာရီမှာ ဦးဇင်းတို့ စတင်ခြံစည်းရိုးခတ်။ ၉ နာရီရောက် မြို့နယ် ဦးစီးမှူး ရောက်လာတယ် ။ ဆက်မလုပ်ဖို့တားမြစ်တယ် ။ ဆက်လုပ်ရင် အလုပ်သမားတွေကို ဖမ်းဆီးအရေးယူမယ် လို့ခြိမ်းခြောက် တယ်။ဦးဇင်းလုပ်ခိုင်းတာ ဦးစင်းကိုဖမ်းပါလို့ သူ့ကိုပြောတယ် ။ ဆက်လုပ်ဖို့ ဦးဇင်းက ပြောတယ် ။ သူက ပိုင် ဆိုင်ကြောင်း ပြခိုင်းတယ် ။ ဆရာတော်ဘုရားတွေရဲ့ အုတ်ဂူတွေက ရှေးနစ်တရာကျော် မက ကတည်း က ရှိလာ တယ်လေ ။ ဦးဇင်းလဲ ပိုင်ဆိုင်ကြောင်းက အဲဒါတွေဘဲလို့ လက်ညိုးထိုးပြတယ် ၊ အချေ အတင်လို ဖြစ်သွားတာပေါ့ ” - ပုံပါကျင် ကျောင်းတိုက် ဆရာတော်ဘုရားက မိန့်တော်မူသည် ။


အုပ်ချုပ်ရေးရုံးတည်ဆောက်ဖို့ရန် ၎င်းတို့ကလည်း ခွင့်ပြုမိန့်စာမရှိကြောင်း ၊ အမှတ် ၁ ရပ်ကွက်ပေါ် တွင် အမှတ် ၂ ရပ်ကွက်ရုံးဆောက်ရင် စီစဉ်နေခြင်းဖြစ်ကြောင်း ၊ ဆရာတော်ဘုရားများ၏ အုတ်ဂူမှာ မများသောကြောင့် မြေကွက် အရှေ့မျက်နှာစာပိုင်းတွင် ရုံးဆောက်ဖို့ရန်သာဖြစ်ကြောင်း မြေကွက် အားလုံး ယူမည်မဟုတ်ကြောင်း အုပ်ချုပ်ရေးမှူး အသိုင်းအဝိုင်းကပြောသည် ။


မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် အမတ်ဟောင်း စိုင်းဝင်းမြတ်ဦးက - ပုံပါကျင်မြို့နယ်ခွဲ အတွင်း မည်သူမှ မြေယာပိုင်ဆိုင်မှု စာရွက်စာတမ်း ဂရန် အထောက်အထား မရှိကြောင်း ၊ အုပ်ချုပ်ရေးမှူးမှ ကန့်ကွက်လိုလျှင် စာရွက်စာတမ်းဖြင့် တရားဝင် ကန့်ကွက်လျှင် တရားဝင် ရုံးတက်ဖြေရှင်းနိုင်ကြောင်း ၊ သာသနာ့မြေသည် မည်သူမျှကျူးကျော်ခွင့်မရှိကြောင်း ၊ သင်္ချိုင်းတော်များက သာသနာ့မြေ အထောက် အထားဖြစ်ကြောင်း သျှမ်းသံတော်ဆင့်သို့ပြောသည် ။


မည်သို့ပင်ဆိုစေ ဆရာတော်ဘုရားက သာသနာ့မြေဖြစ်ကြောင်း မြို့နယ်သံဃာ့နာယက ထံတင်ပြပြီးကြောင်း ၊ အုတ်ခြံစည်းရိုးခတ်ရန်လည်း မိန့်တော်မူစာ ရရှိထားကြောင်း ၊ အလှူရှင်များ ရှိပါက သာသနာ့မြေအားကျူးကျော်ခြင်းမပြုနိုင်ဖို့ရန် လေးဘက်လေးတန် အုတ်ခြံစည်းရိုး ခတ်သွားမည် ဖြစ်ကြောင်း မိန့်တော်မူသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates