၁၉၄၇ ပင်လုံကတိ ပြန်လည်ဖေါ်ဆောင်နိုင်ရေး KIO , RCSS နှင့် SSPP တို့ လက်တွဲမှုစတင်



မြန်မာအစိုးရသစ်၏ ၂၁ ရာစု ပင်လုံညီလာခံတွင် မူလ ၁၉၄၇ ပင်လုံကတိပြန် လည်ဖေါ်ဆောင် နိုင်ရေးအတွက် KIO ၊ RCSS နှင့် SSPP ပြန်လည်လက်တွဲ ကာ ယနေ့ ဂျွန် ရ ရက် ၌ ဆွေးနွေးပွဲ တရပ်စတင်ကျင်းပနေ သည်ဟု သိရှိရသည် ။


ဗိုလ်ချုပ်အန်ဘန်လ ခေါင်းဆောင်သော ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA မှ ကိုယ်စားလှယ် များနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် ၊ သျှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ယနေ့တွေ့ဆုံ ရာမှာ ‘ ၁၉၄၇ ခုနှစ်က သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့၌သျှမ်း ၊ ကချင် ၊ ချင်းခေါင်းဆောင် များ နှင့် ဗမာခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းတို့ အကြား ရရှိ ခဲ့သော ကတိ စာ ချုပ် ပြန်လည်ဖေါ်ဆောင် ရေး ၊ ၂၁ ရာစု ပင်လုံ တွင် တိုင်းရင်းသား အားလုံး ပါဝင်လာနိုင်ရေး ၊ အကြိုတွင်လည်း တိုင်းရင်းသားများ သီးသန့်တွေ့ဆုံနိုင်ရေး အတွက် ဦးတည် သွားမည်ဖြစ်ကြောင်း RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလှ က ပြောသည် ။


“ ၁၉၄၇ တုန်းက သျှမ်း ၊ ကချင် ၊ နဲ့ ချင်း တို့ကနေ စတင်လာလို့ ပင်လုံညီ လာ ခံဖြစ်လာ တယ် လေ ။ ၁၉၄၇ ခုပါဝင်တဲ့ ပြည်နယ်တွေနဲ့ မပါဝင်တဲ့ပြည်နယ် တွေ ဘယ်လိုလက်တွဲဖေါ်ဆောင်မလဲ ။ ၁၉၄၇ က ကတိ တွေနဲ့။ အခု လာ မယ့် ၂၁ ရာစုပင်လုံမှာ ဘယ်လိုကဏ္ဌ ၊ ဘယ်လိုရပ်တည်ချက်နဲ့ တိုင်းပြည် ကို ဘယ်ပုံစံ ပုံဖေါ်လိုသလဲ ။ ကျနော်တို့ တန်းတူရေး အတွက် ကျနော် တို့ လက် နက်ကိုင်တိုက်ပွဲဝင်လာတဲ့ ကျနော်တို့ ရင်းနီးလာခဲ့တန်ဖိုးနဲ့ တန်အောင်ပေါ့ ”- ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


၂၁ ရာစု ပင်လုံညီလာခံအားအစိုးရ၏ ပထမရက် ၁၀၀ စီမံကိန်း အတွင်း ဖြစ်မြောက်ရန် ကြိုးပမ်း နေသည် ။ ဖြစ်မြောက်ရေးအတွက်လည်း နိုင်ငံတော်အတိုင်အပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်း စုကြည်မှ ၂၁ ရာစု ပင်လုံ ညီလာခံ ဖြစ်မြောက်ရေး ကော်မတီ တရပ်ဖွဲ့စည်းထား ၏ ။ ဒေါက်တာ တင်မျိုးဝင်း အား ဥက္ကဌ အဖြစ် ခန့်အပ်ကာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA လက်မှတ်ရေး ထိုးထားသည့် လက်နက်ကိုင် တပ်များ ၊ NCA စာချုပ် မထိုးသေး သည့် လက်မှတ်မထိုးထားသည့် အဖွဲ့များအား နယ်လှည့်ကာတွေ့ ဆုံမှုပြုနေ ၏။ ယခုအပတ်အတွင်း ၀ တပ်ဖွဲ့ ၊ မိုင်းလားတပ်ဖွဲ့ တို့နှင့် လည်းတွေ့ဆုံ သွားမည် ဟု ဒေါက်တာတင်မျိုးဝင်းက ပြောသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates