တပ်သားသစ်စုဆောင်းမှုသတင်း မှားယွင်းကြောင်း RCSS/SSA မှ သတင်းစာ ရှင်းလင်း



မလ (၂၃) ရက်နေ့ရက်စွဲဖြင့်  မြန်မာ့တပ်မတော်မှထုတ်ပြန်ထားသော RCSS/SSA မှ အဓမလူသစ်စုဆောင်းသည့် သတင်းသည် ၄င်းတို့ နှင့် လုံးဝ ပက်သက်ခြင်းမရှိ ကြောင်း သတင်းစာရှင်းလင်းပွဲတရပ်ကျင်းပခဲ့သည်။

သျှမ်းစစ်သားဟုစွပ်စွဲခံရပြီး အဖမ်းခံရသည့်ရွာသားများ
“ NCA လက်မှတ်ထိုးပြီးကတည်းက ကျနော်တို့မှာ တပ်သားသစ်စုဆောင်းတဲ့ပေါ်လစီ မရှိဘူး ၊ အထက်ကညွှန်ကြားထားတာလဲမရှိဘူး၊ မေလ(၂၃) ရက်နေ့က တပ်မတော်က ထုတ်ပြန်ထားတဲ့ သတင်းက ကျနော်တို့နဲ့လုံးဝမသက်ဆိုင်ပါဘူး ”ဟု မိုင်းကိုင်မြို့ RCSS  တာဝန်ခံ ဗိုလ်မှူး စိုင်းဟန် မှ မီဒီယာများထံ ရှင်းလင်းပြောကြားခဲ့သည် ။


ပြီးခဲ့သည့် အပတ် ကြာသပတေးနေ့ဖြစ်သော ဂျွန်လ ၂ ရက် နေ့က မိုင်းကိုင်မြို့နယ် ၊ ၀မ်ဟွေ့ကျေးရွာအုပ်စု ၌ RCSS/SSA ၏ မိုင်းကိုင် အရှေ့ဖက်ခြမ်း နယ်မြေ (၇) အတွင်း တာဝန်ယူ ထားသော ဗိုလ်မှူး စိုင်းဟန် က  အဆိုပါစွပ်စွဲချက်နှင့်ပတ်သက်ပြီး ဒေသခံလူထုနှင့်သတင်းသမားများထံရှင်းလင်းပြောပြခဲ့သည်။


ယင်းကိစ္စနှင့်ပတ်သက်၍ မိုင်းကိုင်မြို့နယ် ၊ ဟမ်းငိုင်းကျေးရွာအုပ်စုရှိ ကျေးရွာကော် မတီဝင်တစ်ဦးဖြစ်သော စိုင်းမိုင်းကလည်း “ စိုက်ပျိုးရေး နဲ့ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်း အတွက်လေ့လာဖို့အတွက် တစ်ရွာတစ်ယောက် လွှတ်ပေးတာဖြစ်ပြီး လွယ်တိုင်းလျန်း ဌာနချုပ်မှာလဲတော်လှန်ရေးနေ့ပွဲရှိတာရယ် ကြောင့် သွားကြတာဖြစ် တယ် ခုတပ်မတော်က ဖမ်းဆီးရမိတယ်ဆိုတဲ့ (၃၃) ယောက်က တပ်သားသစ်တွေ မဟုတ်ပါဘူး ရိုးရိုး သာမာန်ပြည်သူတွေပဲဖြစ်ပါတယ် ” ဟု ရှင်းပြသည် ။


“ ကျနော် တို့အဖွဲ့ (၁၈) ရက်နေ့မြန်မာတပ်မတော်စစ် ကြောင်းနဲ့တွေ့တယ် ၊ ကျနော် တို့ကိုစစ်တပ်က ကားနဲ့ တပ်ထဲခေါ်သွားတယ် ၊ လူခွဲပြီးလေး ယောက်ကို တစ်ခါစစ် တယ် ၊ RCSS  က တပ်သားသစ်တွေစုဆောင်း တာလို့ ပြောခိုင်းတယ် ၊ ည ၆ နာရီ ကနေ မနက်၃ ခွဲအထိစစ်တယ်၊ ၉ ည နဲ့၁၀ ရက်ကြာနေခဲ့ရတယ် ။ ကျနော် တို့ထဲက စိုင်းညွှန့် ဆိုတဲ့တစ်ယောက်ကို မျက်နှာဖုံးနဲ့ ခေါ်သွားတယ် ခုထိပြန်မလွှတ်သေးဘူး” ဟု RCSS  တပ်သားသစ်ဟုဆိုကာ တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော  ၃၂ ဦးအနက် လှကွယ်ဆိုသူကပြောသည် ။


ပြီးခဲ့တဲ့ မေလကုန်ကလည်း သိန်းနီမြို့နယ် ပန်စုံ ရွာတွင် SSPP/SSA တပ်ဖွဲ့ဝင်များဟုဆိုကာ ရွာသား ၈ ဦးအား မြန်မာ့တပ်မတော်က ဖမ်းဆီးထားခဲ့သေးသည်။


၎င်းတို့အား လက်ရှိတွင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇-၁ ဖြင့်လည်းအမှုဖွင့်အရေးယူထားကြောင်း  ဆွေမျိုးတော်စပ်သည့် သိန်နီမြို့ခံတချို့ပြောပြချက်အရသိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates