သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ နှစ် ၂၀ ပြည့် အခမ်းအနားလားရှိုးမြို့၌ ကျင်းပ
သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ နှစ် ၂၀ ပြည့်အခမ်းအနားအား လားရှိုးမြို့ ၌ ကျင်းပရာ ဥက္ကဌ ခွန်ထွန်းဦး အပါဝင် ကော်မတီဝင်များ၊ ဧည့်သည်တော်များ စုစုပေါင်း အင်အား ၅၀၀ ခန့် တက် ရောက်ကြသည် ။
![]() |
သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ နှစ် ၂၀ ပြည့်အခမ်းအနားအား လားရှိုးမြို့ ၌ ကျင်းပ |
“ကျနော်တို့ရဲ့ ပင်ရင်းရည်ရွယ်ချက်က နိုင်ငံရေးဆွေးနွေးပွဲမှာ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ပဲ။ …အဓိက ကတော့ဗမာအပါအဝင် တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ခွင့်၊ ကိုယ့်ပြည်နယ်ကိုယ်ပြန်အုပ်ချုပ်ခွင့်ရဖို့…” - ဟု SSJAC ဉက္ကဌ ခွန်ထွန်းဦး က အခမ်းအနားတွင် မိန့် ခွန်း ပြောကြားသည် ။
ထို့အတူ အခမ်းအနားတက်ရောက်သည့် စိန်ကျော့ ပြည်သူ့စစ်အသွင်ပြောင်း SSA ခေါင်းဆောင် ဟောင်း ဗိုလ်ချုပ်လွယ်မောဝ်းက - “လူမျိုးကြီးဝါဒ ၊ လူမျိုးစွဲဝါဒ နဲ့ စစ်အုပ်စုအာဏာရှင်စနစ်တွေက နေ ပြည်တွင်းစစ်၊ ပြည်တွင်းပဋိပက္ခကို ချုပ်ငြိမ်းစေဖို့ အချိုးညီညီ တန်းတူညီမျှဖို့၊ တန်းတူ ဖွံ့ဖြိုးတိုး တက်ဖို့ လိုတယ်” - ဟု စသဖြင့် ပြောကြားသွားဟု သိရသည်။
၁၉၉၆ ခုနှစ် ဂျွန် ၆ ရက်နေ့က SNLD ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့်အတူ ဗိုလ် ချုပ်စိုင်းနောင့် ဦးစီးသည့် SSA ခေါ် သျှမ်းပြည်တပ်မတော် နှင့် ဗိုလ်မှူးကြီး ကဏ်းယွက် ဦးစီးသည့် SSNA ခေါ် သျှမ်းပြည်အမျိုးသားတပ်မတော် အဖွဲ့စည်း ၃ ခု က ပူးပေါင်း၍ ဖွဲ့စည်းထူထောင်သည် ။
ဖွဲ့စည်းစတွင် သျှမ်းပြည်ငြိမ်းချမ်းရေးကောင်စီ SSPC ဟု ခေါ် ပြီးထို့နောက်ပိုင်း SSJAC Shan State Joint Action Committee ခေါ် သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဟု ပြောင်းလဲ ခေါ်ဆိုသည်။
Tags: News, politic