ကဆုန်လပြည့်နေ့ သျှမ်းလူငယ်များ စုပေါင်းသစ်ပင်စိုက်
ကဆုန်လပြည့်နေ့တွင် သျှမ်းပြည်တောင်ပိုင်း မြောက်ပိုင်းဒေသအသီးသီးမှလူငယ်များစုပေါင်းကာ သစ်ပင်စိုက်ပျိုး ခဲ့ကြကြောင်းသိရသည်။
မေလ ၁၀ ရက်နေ့က လားရှိုးမြို့နယ်တွင် စိန်နွံအသင်းနှင့် ကုန်းဆာအုပ်စုအတွင်းမှ လူငယ် ၁၀၀ ကျော်က ထင်းရှူးပင် ၂၀၀ နှင့် ဗန်ဒါပင်ကဲ့သို့သော တခြားအရိပ်ရအပင်ကြီးများ စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
![]() |
Photo Lao Htek Fa |
သစ်ပင်ကြီးများ စိုက်ပျိုးရခြင်း၏ရည်ရွယ်ချက်မှာ ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် သျှမ်းပြည်သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအထိမ်းအမှတ် ပူးပေါင်းလုပ်ဆောင်ခြင်း အတွက်ဖြစ်ကြောင်း သစ်ပင်စိုက်ပျိုးရေး တွင်ဦးဆောင်ဦးရွက်ပြုသူ စိုင်းဆိုင်ဆွမ်က ပြောသည်။
“ သစ်ပင်သစ်တောက လူတွေအတွက်အကောင်းဆုံးမိတ်ဆွေပါ။ ကျန်းမာသန်စွမ်းအောင် လုပ်ပေးတယ်။ သဘာဝဘေးမကျအောင်လည်း ကူညီပေးတယ်။ သစ်တပင်ကောင်းရင်ငှက်တသောင်းတောင်နားနိုင်တယ်” လို့လည်းကြားဖူးကြမှာပါ။ ဒါကြောင့် သစ်ပင်စိုက်ပျိုးဖို့ အနယ်နယ်အရပ်ရပ်က လူငယ်တွေကိုဖိတ် ခေါ်ပါတယ်။ သစ်ပင်စိုက်တာ ခက်တာမှမဟုတ်တာ” ဟု ၎င်းကပြောသည်။
အလားတူ သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နှင့် ခိုလမ်မြို့မှလူငယ်များစုပေါင်းကာ ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် အရိပ်ရအပင် ၁၁၁၁ ပင်ကို ခိုလမ်မြို့ ကောင်းမူးဆန် (စေတီဝန်း) နှင့် ကောင်းမူး နောင်ဖာ (စေတီအနီး ဝန်းကျင်) တို့တွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
Tags: Environment, News