သျှမ်း နှင့် ကရင်နီ ခိုလှုံနေသည့် မယ်ဟောင်ဆောင် ဒုက္ခသည်စခန်းမီးလောင် ဒုက္ခသည် ၃၀၀ ခန့် မီးဘေးသင့်



ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် အတွင်း တည်ရှိသည့် နားဆွယ် ဒုက္ခသည် စခန်း မီးလောင်မှု ဖြစ်ပွားရာ အိမ်ခြေ ၃၀ ကျော် လူဦးရေ ၃၀၀ ခန့် မီးဘေးသင့်သည်ဟု သိရသည်။


ဂျူလိုင် လ ၅ ရက် ည ၁၀ နာရီကျော်မှ ည သန်းခေါင် အထိ မယ်ဟောင်ဆောင် နားဆွယ် ရပ်ကွက် ၅ ဒုက္ခသည် စခန်းမီး လောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အိမ်ခြေ ၃၃ လုံး၊ လူဦးရေ ၃၀၀ ခန့် မီးဘေးသင့်ရကြောင်း၊ ယနေ့အထိ မိုးကာ နှင့် အစားအသောက် ကူညီမှုမှအပ တခြားထောက်ပံ့မှု မရသေး ကြောင်း မီးဘေးသင့်သူ အသက် ၅၀ အရွယ် ဦးရှားရယ်က သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောသည်။

Photo by Khu Oo Kayah
“ဘာ့ကြောင့်လောင်တယ်ဆိုတာ မသိရဘူး။ ဘုရားမီးလား၊ ဖရောင်းတိုင်မီးလား မသိဘူး။ အိမ်ပျော် နေကြပြီ လေ။ မီးစလောင်တဲ့ အိမ်က လူတွေကိုတောင်  သွားမနိုးရင်သူတို့မီးထဲ ပါသွားပြီ။ ဒုက္ခသည် စခန်းဆိုတော့ အိမ်တွေတအားကပ်တယ်လေ။ မီးလောင်တာက ၃၃ အိမ်၊ အိမ် ၃၈ လုံးက အမိုးဖြုတ်ခံရတယ်။ မီးမကူးအောင်လေ။ စာသင်ကျောင်းတကျောင်း၊ စခန်းအုပ်ချုပ်ရေးရုံးတခုရယ်ပေါ့ ” - ဟု သျှမ်းသံတော် ဆင့်သို့ပြောသည်။


မယ်ဟောင်ဆောင် ဒုက္ခသည် စခန်းတွင် ၂၀၁၀ နောက်ပိုင်း မီးလောင်မှု သုံးကြိမ် ဖြစ်ပွားခဲ့ဖူးသည်။


“အခု မီးလောင်ဒါက သေတဲ့သူမရှိဘူး။ ကံကောင်းတယ်ပြောရမယ်။ မီးဆို ဒီကလူတွေစိတ်ထိခိုက် နေပြီ။ မီးသတ်ကားလဲမလာနိုင်ဘူး။ မယ်ဟောင်ဆောင်နဲ့ ဝေးတယ်။ တနာရီကျော်ကြာလာရတာ” - ဟု ဒုက္ခသည် စခန်းက ဒေါ် မောမြာက ပြောသည်။


၂၀၁၃ ကလည်း ဒုက္ခသည်စခန်း အမှတ် ၂ ရပ်ကွက် မီးလောင်မှုဖြစ်ပွါးရာ အိမ်ခြေ ၄၀၀ ကျော် မီးထဲပါသွားပြီး ဒုက္ခသည် ၄၀ ကျော် သေဆုံးခဲ့ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates