ပြစ်မှုစွပ်စွဲခံထားရသော ဆင်းရဲနွမ်းပါးသူများ အကျိုးဆောင်ပေးဖို့တောင်ကြီးတွင် Justice Center ရုံးဖွင့်



ပစ်မှု၊ ရာဇ၀တ်မှုများ ဖြင့် စွပ်စွဲခံထားရသော ဆင်းရဲနွမ်းပါးသူများ ၊ ခွဲခြား ဆက်ဆံခံရသူများ အတွက် ငွေကြေးအခမဲ့ဥပဒေ အကျိုးဆောင်ပေးခြင်း လုပ်ငန်းဖြစ်သောတရားမျှတမှုစင်တာ(Justice Center) ကို ဂျူလိုင်လ(၂၄) က တောင်ကြီမြို့တွင် ရုံးခွဲတစ်ခုအဖြစ်ဖွင့်လှစ်ခဲ့ပြီး (၃၁) ရက်နေ့အထိ အမှုလာရောက် အပ်နှံသူ (၅) ဦးရှိကြောင်း တရားလွှတ်တော်ရှေ့နေဒေါ်ခင် မိုးမိုးက ပြောပါတယ် ။


"ကျမတို့ဆီကို Center ဆီကို အကူအညီ လာတောင်းသူတွေကို ဒီအတိုင်း ပြန်မလွတ်ပါဘူး ။ တစ်ခြား ကူညီနိုင်မယ့်နည်းလမ်းတွေကိုပါ ကျမတို့ထပ်ပြီး လမ်းညွှန်ပေးသွားမှာဖြစ်ပါတယ် "  လို့၎င်းကပြောပါ တယ်။


တရားမျှတမှု စင်တာရဲ့ ဥပဒေအထောက်အကူပြုဝန်ဆောင်မှုများကတော့ တရားမျှတမှု စင်တာများအနေနဲ့ ပြစ်မှု၊ ရာဇ၀တ်မှုများ စွပ်စွဲခံထားရသော ဆင်းရဲနွမ်းပါးသူများ၊ ခွဲခြားဆက်ဆံခံရသူများအတွက် ငွေကြေး အခမဲ့ ဥပဒေအကျိုးဆောင်ပေးမှာဖြစ်ပြီး အကယ်၍ ပုဂ္ဂိုလ်တစ်ဦးဟာ စင်တာကနေ ပေးအပ်တဲ့ ၀န်ဆောင် မှုကို ခံစားထိုက်ခြင်းမရှိပါက သို့မဟုတ် အချင်းဖြစ် အကြောင်းအရာဟာ တရားမမှု သို့မဟုတ် မိသားစုရေး ရာ နဲ့ ဆက်နွယ်တဲ့ကိစ္စရပ်များဖြစ်ပါက စင်တာအနေနဲ့ အဆိုပါ ပုဂ္ဂိုလ်အား ၄င်း၏အ ခက်အခဲများကို ကူညီ ဖြေရှင်း နိုင်မယ့် ရှေ့နေ သို့မဟုတ် အဖွဲ့အစည်းများ ထံလွှဲပြောင်းပေးမည် ဖြစ်ကြောင်း - သိရပါတယ် ။


မြန်မာနိုင်ငံမှာ တရားမျှတမှုကို လက်လှမ်းမှီမှု ပိုမိုအားကောင်းစေဖို့အတွက် ဥရောပ သမဂ္ဂကနေ ပံ့ပိုးပြီး ဗြိတိသျှကောင်စီမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော My justice အစီအစဉ်ဟာ International Bridges to Justice (IBJ) နဲ့ လက်တွဲပူးပေါင်းပြီး တရားမျှ တမှုစင်တာ ( justice Center) အတွက် (၄) နှစ်သာ စီမံကိန်းတစ်ရပ်ဖြစ်တယ်လို့ ဗြိတိသျှကောင်စီမှ တာဝန်ရှိသူများကရှင်းပြပါတယ် ။


တောင်ကြီးမြို့နယ် တရားမျှတမှုစင်တာ ရုံးခန်းကို YMCA တိုက်တန်း   အခန်း(၆) သစ်တောရပ်ကွက် ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း တွင်ဖွင့်လှစ် ထားပြီး နနံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အပတ်စဉ် တနင်္လာ နေ့မှ သောကြာနေ့အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဥပဒေဆိုင်ရာအကူအညီ လိုအပ် နေသည့် မည်သူမဆို တရားမျှတမှုစင်တာသို့ လူကိုယ်တိုင်သော် လည်းကောင်း (+၉၅ ၉၂၅၄၁၇၄၂၁၃) ဖုန်းဖြင့်သော်လည်းကောင်း ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates