သျှမ်းပြည်မြောက်ပိုင်းတွင် ငလျင်လှုပ်ခတ်



သျှမ်းပြည်မြောက်ပိုင်းအတွင်း ဩဂတ်စ်လ ၁ ရက်  ယနေ့ မွန်းလွဲ ၂.၀၅ မိနစ်ခန့်က မြေငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့သည်။
 “ဟုတ်တယ်။ အင်အားမပြင်းဘူး။ ကျမတို့အစည်းအဝေး လုပ်နေတာ။ သိတော့သိလိုက်တယ်။ ငလျင်လှုပ်သွားတယ်ဆိုတာ။


ဘယ်မြို့နယ်ဘက်မှာ ဗဟိုပြုလုပ်လဲတော့မသိဘူး။ ကျမ တို့လည်း အစည်းအဝေးခန်းထဲမှာ ဆိုတော့လေ” - ဟု သိန္နီမြို့ ကျားခေါင်းပါတီ ပြည်နယ် လွှတ်တော် အမတ် နန်းခင်ထားရီ က ပြောသည်။


မူစယ်၊ ကွတ်ခိုင်၊ သိန္နီ မြို့နယ်အတွင်း နှင့် ရွှေလီမြစ်ဝှမ်းတို့တွင် လှုပ်ခတ်သည့် အဆိုပါ ငလျင်သည် အင်အားပြင်းထန်သည့် ငလျင်မဟုတ်သည့်အတွက် အချို့ ပင်မသိရှိလိုက်ကြောင်း ဒေသခံ အချို့က သျှမ်းသံတော်ဆင့်သို့ ပြောသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates