နိုင်ငံရေးရုပ်ပြောင် ကာတွန်းဆရာဟန်လေး DAWN အမည်ရ ကာတွန်းစာစောင်ထုတ်ဝေ



နိုင်ငံရေးရုပ်ပြောင်ကာတွန်း အဓိကရေးဆွဲသည့် ကာတွန်းဆရာဟန်လေးက DAWN အမည်ရှိ ကလေးပညာ ရေးဆိုင်ရာ ကာတွန်းစာစောင် အမှတ်စဉ် ၁ အား စနေနေ့က စတင်ထုတ်ဝေဖြန့်ချီလိုက်ကြောင်း ကြားသိရပါ သည်။

front_coverDAWN ကာတွန်းရှေ့မျက်နှာဖုံး

“ဒီ ကာတွန်းစာစောင်ထုတ်ဝေတာက တယောက်ယောက်က၊ အလှူရှင်တွေက တွန်းအားပေးလို့ ထုတ်ဝေ တာမဟုတ်ဘူး၊ ကျနော့်မှာ ရှိတဲ့ငွေလေးနဲ့ ငယ်ငယ်ကတည်းက ရှိခဲ့တဲ့အိပ်မက်ကို စတင်အကောင်အထည် ဖေါ်လိုက်တာဘဲဖြစ်ပါတယ်၊ အခု သျှမ်းဘာသာအရင်ထုတ်ဝေတယ်။ အင်္ဂလိပ်လို DAWN ကမြန်မာလို အရုဏ်ဦး၊ ‘ဒေါန်း’ ဆိုတာ သျှမ်းဘာသာမှာ ထူးကဲသော သာလွန်သော လို့အဓိပ္ပါယ်ရတယ်” - ဟု ကာတွန်းဆရာ ဟန်လေး က ပြောပါသည်။

ဂျူလိုင် ၂၈ ရက်နေ့မှစ၍ ကတွန်းဆရာ ဟန်လေး၏ ၁၂ မျက်နှာရှိ DAWN အမည်ရ ကာတွန်း စာစောင် ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ စတင်ဖြန့်ချီလိုက်ပြီဖြစ်ကြောင်း၊ စာအုပ်စာစောင်ထုတ်ဝေဖြန့်ချိမှု အင်မတန် အားနည်း သျှမ်းလူမျိုးအတွက် သျှမ်းဘာသာဖြင့် ပထမဦးဆုံး စောင်ရေ ၃၀၀၀ ထုတ် ဝေခြင်းဖြစ်ကြောင်း ပြောပါသည်။

“ကျနော့်အမြင်က သျှမ်းမှာ စာအုပ်စာစောင်ထုတ်ဝေတာ အရမ်းနည်းတယ်။ သျှမ်းစာတတ်ပြီးတဲ့ ကလေး တွေအတွက် လေးသာရှိပြီး ပစ်ဖို့ မျှား သိပ်မရှိဘူး၊ အဲဒီလိုမြင်မိလို့ သျှမ်းဘာသာလို အရင်ထုတ်ဝေတာပါ။ နောက်ပိုင်း မြန်မာလို အပါဝင် တခြားတိုင်းရင်းသားတွေ တောင်းဆိုလာရင်လဲ ထပ်စီစဉ်လို့ ရတယ်” - ဟု ကာတွန်းဆရာ ဟန်လေးက သျှမ်းသံတော်ဆင့်အား ပြောပါသည်။

ပင်ရင်းဈေး ဘတ်ငွေ ၂၅ ဖြင့် စတင်ဖြန့်ချိသည့် အဆိုပါ DAWN အမည်ရ ကာတွန်းစာစောင်အား အမှတ်စဉ် ၆ အထိ ပြင်ဆင်ထားပြီးဖြစ်၏။ “ ရှိတဲ့အရင်းအနှီးလေးနဲ့ ပုံမှန်လည်ပတ်သွားနိုင်ရင်တော့ လစဉ် ထုတ်ဝေ သွားဖို့ စဉ်းစားထားတယ်” - ဟုလည်း ပြောပါသည်။
back_coverDAWN ကာတွန်းအနောက်ဖက်မျက်နှာဖုံး

DAWN ကာတွန်းစာစောင်၌ အီစွပ်ပုံပြင်များ၊ သိပ္ပံဆိုင်ရာသိမှတ်ဖွယ်များ၊ သျှမ်း အင်္ဂလိပ်ဆိုင်ရာ ပဟေဠိ စာလုံးများ၊ ထင်ရှားသည့် ပုဂ္ဂိုလ်များနှင့် ကမ္ဘာ့အမွေအနှစ်များ၊ ကလေးများအတွက် အသိဉာဏ်တိုးစေမည့် တွေးတောမှုဆိုင်ရာ ဟာသကာတွန်းများ အတွဲတိုင်း၌ ထည့်တွင်းသွားမည်ဟုလည်း ဆိုပါသည်။

ကာတွန်းဆရာ ဟန်လေး၏ DAWN ကာတွန်းစာစောင်အား ဝယ်ယူအားပေးလိုက - နန်းတွိ(ချင်းမိုင်) ထိုင်း ဖုန်း ၀၈၂ ၁၉၅၁၄၃၃ ၊ ဆရာမိဏ်းလီ(ချင်းမိုင်) ဝတ့်ပါပေါဝ့်ဘုန်းကြီးကျောင်းအနောက်ဘက်စာပေဆိုင် ဖုန်း ၀၈၉ ၅၅၃၀၉၀၆ အပြင် ဇလပ်နီ (ရန်ကုန်)၊ မိုတိုင်း (မန္တလေး) နှင့် လင်းခမ်း (လားရှိုး) နှင့် သျှမ်းပြည်အနှံ့ ဖြန့်ချီသွားဖို့ လည်းရှိသည်ဟု ပြောပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates