RCSS/SSA မှ ငြိမ်းချမ်းရေးစောင့်ကြည့်ရန် မြို့နယ်ကိုယ်စားလှယ်လူထု ရွေးချယ်နိုင်ခဲ့



လူထုနှင့်ထိတွေ့မှုရယူနေသော သျှမ်းပြည်တပ်မတော် RCSS/SSA မှ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဗိုလ်မှူးချုပ်ပေါင်ခေး ဦးဆောင်သည့်အဖွဲ့ ငြိမ်းချမ်းရေးစောင့်ကြည့်ရန် မြို့နယ်ကိုယ်စားလှယ်များရွေးချယ်နိုင်ပြီဖြစ်ကြောင်း အစိုးရမှ ရွေးချယ် ထားသည့် ကိုယ်စားလှယ်နှင့် ညီတူညီမျှတဝက်စီ ဖြင့်ပူးပေါင်းဖွဲ့စည်းရန်ပြင်ဆင်နေကြောင်း သျှမ်းပြည်တပ်မတော် အရာရှိတဦးက ပြောသည်။

representative ဒေသခံလူထုနှင့်သွားရောက်တွေ့ဆုံသည့် RCSS/SSA မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ

“ဂျူလိုင်လဆန်း ၁ ရက်နေ့က ကျနော်တို့အဖွဲ့ တောင်ကြီးက ဆက်သွယ်ရေးရုံးမှာ မြို့နယ်ကိုယ်စားလှယ်တွေကိုခေါ်ယူ တွေ့ဆုံတယ်။ သျှမ်းပြည်တောင်ပိုင်းက မြို့နယ် ၂၀ အတွက် ကိုယ်စားလှယ် အယောက် ၅၀ ကျော်ရှိတယ်။ တမြို့နယ်မှာ အနည်းဆုံး တစ်ယောက်ကနေ နှစ်အယောက်အထိ ရွေးထားတယ်။ ဒီထဲက ကျနော် တို့ထပ်ပြီးစီစစ်ရွေးထုတ်မယ်။ အစိုးရနဲ့ ပူးပေါင်းပြီးငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ ဖွဲ့စည်းဖို့ပေါ့။ ပြီးရင် မြန်မာအစိုးရဖက်က ဘယ် နှစ်ယောက်ရွေး ထားလဲ။ အစိုးရက ၁၀ ယောက်ရွေးလာရင် ကျနော်တို့လဲ ၁၀ ယောက် စာရင်းပေးမယ်။ ပူးပေါင်းအလုပ်လုပ်ဖို့ပေါ့။ အစိုးရလူနဲ့ တဝက်စီ ညီညီမျှမျှ လှုပ်ရှားသွားမယ်” ဟု စည်းရုံးရေး လိုက်ပါသည့် သျှမ်း ပြည်တပ်မတော်မှ အရာရှိတဦးက ပြောသည်။

ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် ဂျွန်လဆန်းကတည်းက သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA မှ ဗိုလ်မှူးချုပ်ပေါင်ခေး ဦးဆောင်သည့်အဖွဲ့က (၃ ဖွဲ့ခွဲ၍ သျှမ်းပြည်မြောက်ပိုင်း၊ တောင် ပိုင်းနှင့် အရှေ့ပိုင်းသို့ ) လူထုဆန္ဒသဘောထားကောက်ယူရန်ကွင်းဆင်းရာ ဂျူလိုင်လဆန်းက တောင်ပိုင်း အတွက် ကိုယ် စား လှယ်ကိုရွေးချယ်နိုင်ခဲ့ပြီး မြောက်ပိုင်းနှင့် အရှေ့ပိုင်းမှ ကိုယ်စားလှယ်များလည်းရက်ပိုင်းအတွင်း အပြီးရွေးချယ်ရန် ရှိကြောင်း၊ ဂျူလိုင်လအတွင်း အစိုးရကိုယ်စားလှယ်နှင့်အတူ ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးကော်မတီ အပြီးဖွဲ့စည်း သွားမည်ဖြစ်ကြောင်း အဆိုပါအရာရှိက ဆက်လက်ပြောပြသည်။

“ ကျနော်တို့ဖက်က ဗိုလ်မှူးချုပ်ပေါင်ခေး ဦးဆောင်တဲ့ ၇ ယောက်ပါအဖွဲ့ပေါ့နော် လူထုနဲ့တွေ့ဆုံခဲ့ပါတယ်။ အဓိကကတော့ ကိုယ်စားလှယ်တွေကနေ ကိုယ့်မြို့ကိုယ်ရွာကလူတွေကို ငြိမ်းချမ်းရေးစောင့်ကြည့်ဖို့အတွက် စည်းရုံးရေးဆင်းပေး ဖို့ဖြစ် တယ်။ လူထုကနေ နားလည်သဘောပေါက်လာအောင်၊ ထာဝရ ငြိမ်းချမ်းရေးဖြစ်အောင် ရည်ရွယ်ပါတယ်။ ခုရတဲ့ ကိုယ်စား လှယ်တွေဟာ လူငယ်တွေများပါတယ်။ ဘယ်အဖွဲ့အစည်းကမှမဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ စိတ်ပါဝင်စားတဲ့လူငယ် တွေပါ။ မြို့ထဲရွာထဲမှာလဲ သာရေးနာရေးတွေမှာ စေတနာပါ တက်ကြွလှုပ်ရှားတဲ့လူငယ်တွေပေါ့” ဟု အဆိုပါ အရာရှိက ဆက်လက်ပြောပြပါသည်။

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးကကဲ့သို့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နှင့် အရှေ့ပိုင်း ကျိုင်းတုံမြို့တို့တွင်လည်း ယခုလအတွင်း ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ အပြီးဖွဲ့စည်းနိုင်ရန် RCSS/SSA ကိုယ်စားလှယ်များက စီစဉ်ထားကြောင်း ပြောပါသည်။

ဒေသခံလူထုအား မူးယစ်ဆေးဝါးအန္တရာယ်နှင့် တိုက်ဖျက်ရေးလုပ်ငန်းအစီအစဉ်ကို ရှင်းလင်းပြသခြင်း၊ လူထုထံမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပေါ် အမြင်သဘောထား၊ အရေး ၃ ပါးအပေါ် အမြင်သဘော မေးမြန်းခြင်းများလည်း ပြုလုပ်ခဲ့ ရကြောင်း အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ပေါင်ခေးက ဆက်လက်ပြောပြသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates