သို့ မီဒီယာနှင့် သတင်းဌာနများခင်ဗျား



အကြောင်းအရာ။ ။ စိုက်ပျိုးရေးလုပ်ငန်း ကုမ္ပဏီဖြစ်သော မြတ်မင်းကုမ္ပဏီအား မြေလွတ်မြေ ရိုင်းချထားပေးခြင်းကြောင့် ထိခိုက်နစ်နာမှု အရပ်ရပ်ဖြစ်ပေါ်နိုင်သည့်အတွက် ကန့်ကွက်လိုကြောင်း။
20120802_162005
အထက်ပါ အကြောင်းအရာကိစ္စနှင့် ပတ်သက်၍ သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု၊ နမ့်စောကျေးရွာအတွင်းရှိ ဧရိယာဧကပေါင်း (၁၀၀၀) ကျော်ကို မြတ်မင်းကုမ္ပဏီသို့ မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့်ချထားပေးခဲ့သဖြင့် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှစ၍ ရာဘာစိုက်ခင်း လာရောက်လုပ်ကိုင်လျက်ရှိပါသည်။

နမ့်စောကျေးရွာတွင် အိမ်ခြေ ၉၀ ကျော်၊ လူဦးရေ ၁၀၀၀ ခန့် မှီတင်းနေထိုင်လျက်ရှိပြီး လယ်မြေဧက ၁၀၀ ခန့်နှင့် ယာမြေများကို အထက်ပါ မြေဧရိယာများအတွင်း မှီခိုလုပ်ကိုင် စားသောက် နေပါသည်။ လယ်မြေများအတွက် ရေသောက်အရင်းအမြစ်အဖြစ် ရေထွက်လျို ၅ ခုမှ ထွက်ရှိသော စိမ့်ရေစမ်းရေတို့ကို မှီခိုနေရပါသည်။ ၎င်းပြင် ကျေးလက်နေ လူမှုဘ၀ရပ်တည်ရေးအတွက် ထင်း၊ သစ်ဝါးတို့အပြင် ဝမ်းစာအဖြစ် မှို၊ မြစ်တို့မှအစ ရှာဖွေစားသောက်နေရသော နယ်မြေဖြစ်ပါသည်။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များမှ မြေလွတ်မြေရိုင်းများအား ယခုကဲ့သို့ လာရောက်ရင်းနှီးလုပ်ကိုင်သည်မှာ မှန်ကန်သည်ဟု ဆိုရသော်ငြားလည်း မိမိတို့ ဒေသပတ်ဝန်းကျင် တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာလည်းရောက်၊ ရေအရင်းအမြစ် ထိန်းသိမ်းထားရာ နေရာ လည်းဖြစ်သော ဧရိယာများဖြစ်ပါသည်။ ရာဘာလုပ်ငန်း တည်ထောင်ခြင်းကြောင့် ယခုတင်ပြပါ အချိန် ကာလမှစ၍ သဘာဝပေါက်ပင်များဖြစ်သော သစ်ကြီး ဝါးကြီးများအား စတင်ခုတ်ထွင်ရှင်းလင်းလျက်ရှိ ရာ အောက်ပါဆိုးကျိုးများကို မိမိတို့ရွာသူ/ရွာသားများ ရရှိခံစားသွားရတော့မည်ဖြစ်ပါ၍ ဟန့်တားကာ ကွယ်ပေးနိုင်ရေးအတွက် သတင်းမီဒီယာအသိုင်းအဝန်းမှ ကြောငြာသတင်းဖြန့်ချီပေးနိုင်ရန် တင်ပြ အပ်ပါသည်။
20120802_162027

ရာဘာစိုက်ပျိုးရန် လုပ်ကိုင်ခွင့် ပြုပေးလိုက်သော ဧရိယာများအတွင်း ထိခိုက်စေနိုင်သော အကြောင်းအရာများမှာ-

၁) လယ်မြေဧက ၁၀၀၀ ခန့်အား ရေသောက်ဖြန့်ဝေပေးသော အောက်ပါလျိုများ၏ ရေဝေရေလဲ တောများ ပျက်စီးစေခြင်း။

(က) လွယ်မန်မွမ်းရေထွက်
(ခ) ဟွေ့ဟိုနား
(ဂ) ဟွေ့နောင်မို
(ဃ) ဟွေ့နိမ်
(င) ဟွေ့လုပ်ကန်း - တို့ ဖြစ်ပါသည်။

၂) သဘာဝပတ်ဝန်းကျင်ကို အထိုက်အလျောက် ထိန်းပေးလျက်ရှိသော သစ်ကြီး ဝါးကြီးများ အပါ အဝင် သဘာဝပေါက်ပင်များကို ပျက်စီးစေခြင်း။

၃) သဘာဝတောတောင်ထိခိုက်ခြင်းကြောင့် မိမိတို့၏ ပင်မဘ၀ရပ်တည်ရေးလုပ်ငန်းဖြစ်သော လယ် ယာစိုက်ပျိုးမှုကိုပါ နောက်ဆက်တွဲ ထိခိုက်လာနိုင်ခြင်းတို့ကြောင့် သက်ဆိုင်ရာမှ လိုအပ်သလို ပြန် လည်စီစစ်သတ်မှတ်ပေးစေလိုကြောင်း ကျေးရွာသူ/သား တောင်သူလယ်သမားများမှ အောက်တွင် လက်မှတ်ရေးထိုးလျက် တင်ပြအပ်ပါသည်။

နေ့စွဲ- ၂.၈.၂၀၁၂




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates