ကျိုင်းတုံ ကညန အာမခံ မော်တော်ဆိုင်ကယ်သက်တမ်းတိုးငွေပိုမိုကောက်



သို့- သမ္မတကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ် ၊ သျှမ်းသံတော်ဆင့်

သမ္မတကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်၊သျှမ်းသံတော်ဆင့်ရှင့် ကျမတို့ကျိုင်းတုံမြို့မှာ မော်တော်ဆိုင်ကယ်

သက်တမ်းတိုးရာတွင် ငွေကြေးပိုမိုကောက်ခံနေပါသဖြင့်အရေးယူပေးပါရန်တင်ပြပါသည်။ ဆိုင်ကယ်(၁)စီး

တိုးရာတွင် အာမခံ ၂၅၀၀ ကညန မှာဆိုရင်လျှောက်လွှာဖြည့်သည့်နေရာမှာ ၈၅၀၀ ခဲခြစ်သည့်နေရာမှာ

၃၀၀၀ ငွေသွင်းခန်းမှာ၂၅၀၀ စုစုပေါင်း ၁၆၅၀၀ ကုန်ပါတယ်။ ကျမတို့ဆွေမျိုး ဆိုင်ကယ် တောင်ကြီးမှာ

တိုးတာ ၄၀၀၀/၅၀၀၀ ပဲကုန်ပါတယ်။ ကျိုင်းတုံ ကညန က ငွေအများကြီးပိုကောက်ပြီးတော့လဲ ချက်ချင်းလဲ

မရဘူး ၁ ပတ်လောက်ချိန်းတယ်။ သွားယူတော့လဲ ၁၀ နာရီ သွားရင် ၃း၃၀ ပြန်ချိန်းတယ်ဒီလိုအကျင့်ပျက်

နေတဲ့ ၀န်ထမ်းတွေကို သမ္မတကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ် တို့က အရေးမယူတော့ဘူးလား ဒီတိုင်းပဲ ကြည့်နေတော့မှာလား အထက်လူကြီးကို လက်ထိုးပြီး တစ်သက်လုံးကောက်စားခွင့်ပြုနေတာလား။

ဒီလိုဆိုရင် တော့ ကျမတို့ကျိုင်းတုံမြို့မှာရှိတဲ ဆိုင်ကယ်ပိုင်ရှင်တွေ က အကျင့်ပျက်ဝန်ထမ်း

တွေအတွက် ငွေစုထားပေးရမှာ လား။ ကျမတို့ပြည်သူအနေနဲတော့ သမ္မတကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ် တို့ကပဲ အကျင့်ပျက်ဝန်ထမ်းတွေကို အရေးယူ ပေးစေချင်ပါတယ်။



ကျိုင်းတုံမြို့မှကိုယ်တွေ့ကြုံသူတစ်ဦး




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates