ကချင်ပြည်နယ်အတွင်း သျှမ်းနီပါတီရုံး ဆက်ဖွင့်မည်



သျှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ အနေဖြင့် ဘဏ္ဍာငွေအခက်အခဲများ ရှိနေသည့်တိုင် ယခုနှစ်အတွင်း ကချင် ပြည်နယ်၌ ပါတီရုံးများ ဆက်ဖွင့်နိုင်ရန် စီစဉ်နေကြောင်း ၄င်းပါတီ၏ ဗဟို အလုပ်အမှုဆောင်တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောကြားသည် ။

Tai Leng                                              မန္တလေး၌ ရုံးဖွင့်ပွဲကျင်းပစဉ်

ဖေဖေါ်ဝါရီလကုန်ပိုင်းက စစ်ကိုင်းတိုင်း ဗန်းမောက် ၊ အင်းတော်မြို့နယ်များနှင့် မတ်လဆန်းပိုင်းတွင် ကချင်ပြည်နယ် မိုး ညှင်း ၊ မိုးကောင်းမြို့နယ်များတွင် သျှမ်းနီပါတီရုံးခန်းများ ဖွင့်လှစ်ခဲ့ကြောင်း သိရသည် ။

“ဖေဖေါ်ဝါရီ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ ဗန်းမောက်နဲ့ အင်းတော်မြို့နယ်တွေပေါ့။ မတ်လ ၁ ရက်နဲ့ ၂ ရက်မှာ မိုးညှင်းနဲ့ မိုး ကောင်း။ ဒီ ၄ မြို့နယ်မှာ ပါတီဆိုင်းဘုတ်တင်ပွဲနဲ့ ရုံးတွေဖွင့်ခဲ့တယ် ။ဝိုင်းမော်နဲ့ မြစ်ကြီးနားမှာ ဆက်လုပ်ဖို့ ကျတော့ လောလောဆယ် ဘဏ္ဍာငွေ အခက်အခဲကြောင့် မလုပ်နိုင်သေး ဘူး။  ဒီနှစ်ထဲမှာတော့ ရုံးတွေရော မြို့နယ် အလုပ်အမှု ဆောင် အဖွဲ့တွေပါ ဆက်လုပ်ဖို့ ရှိပါတယ် ” ဟု သူက ပြောသည် ။

သျှမ်းနီပါတီရုံးအနေဖြင့် အဆိုပါ ၄ မြို့နယ်တွင်သာ ဖွင့်လှစ်ထားပြီး မြို့နယ်အဆင့် ပါတီအလုပ်အမှု ဆောင် အဖွဲ့များအား မြို့နယ် ၁၃ ခုတွင် ဖွဲ့စည်းပြီး ဖြစ်ကြောင်း သူက ဆက်ပြောသည် ။

“မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ကတော့ ၁၃ မြို့နယ်မှာ ဖွဲ့စည်းပြီးပြီ။ ရွှေကူနယ်ဘက်လည်း ကျန်သေး တယ်။  မရောက် သေးဘူး။ အဲဒီဘက်တွေ လုပ်ဖြစ်ရင်တော့ သျှမ်းပြည် (မြောက်ပိုင်း) မိုးမိတ် ၊ မဘိမ်း နယ်တွေလည်း လမ်းပွင့်သွားပြီပေါ့။ အဓိကကတော့ ဘဏ္ဍာရေးပါပဲ အားလုံးက အခု အချိန်မှာ စီးပွားရေးတွေ ကျနေတယ်။ အဲဒါတွေ မထိ ခိုက်အောင်လည်း ထည့်စဉ်းစားရတာပေါ့ ။ဘယ်လိုပဲ ဖြစ်ဖြစ် မဖွဲ့ဖြစ်သေးတဲ့ မြို့နယ်တွေမှာ အလုပ်အမှုဆောင်အဖွဲ့တွေ ဖွဲ့နိုင်အောင် ကြိုးစားသွားမယ်” ဟု ပြောသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates