သျှမ်း - ကယား ဆွေးနွေးပွဲ ပိုမိုခိုင်မြဲသော ယုံကြည်မှုရရှိလာ ဟု SNLD ပြော



  လားရှိုးမြို့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲမှ တိုင်းရင်းသားများအချင်းချင်းကြား၊ တိုင်းရင်း သား နှင့်အစိုးရကြား ပိုမိုခိုင်မြဲသော ယုံကြည်မှုရရှိလာကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီ ဝင် SNLD ပါတီပြော ခွင့်ရ စိုင်းလိတ်ကပြောပါသည်။

“အားနည်းချက်က ဖိတ်ကြားထားတဲ့အဖွဲ့အစည်းတိုင်းကို တင်ပြဆွေးနွေးမယ့်အစီရင်ခံစာ ကြိုတင်ပို့ပေးဖို့ သတင်းပို့ထား ပေမယ့် ပြင်ဆင်လာကြတာမရှိတဲ့အတွက် တင်ပြမှုတွေကို ကော်မတီအနေနဲ့ စီစစ်မှုမလုပ် လိုက်ရဘူး။ နောက်ပြီး မျှော်မှန်း ထားသလောက် ပြည့်ပြည့်စုံစုံနဲ့ကျေနပ်လောက်တဲ့တင်ပြမှုမျိုးတွေမရှိခဲ့ဘူး။ အားသာချက်ကတော့ ကျနော်တို့ သျှမ်းပြည်နဲ့ ကယားပြည်နယ်ကြား၊ တိုင်းရင်းသားများအချင်းချင်း၊ တိုင်းရင်း သား နဲ့ အစိုးရ နီးစပ်မှု ယုံကြည်မှုတွေပိုရှိလာတယ်” ဟု စိုင်းလိတ်ကပြောပါသည်။
alt
ယခုလ ၂၀ ရက်မှ ၂၂ ရက်အထိ လားရှိုးမြို့၌ကျင်းပသော သျှမ်းပြည်နယ် - ကယားပြည်နယ်ကြားငြိမ်းချမ်းရေး အတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲ မကျင်းပမီကတည်းက  ကြိုတင်တင်ပြထားရန် အကြောင်း ကြားထားသော်လည်း ကြိုတင်ပို့ပေးမှုမရှိသဖြင့် စီစစ်မှုမလုပ်လိုက်ရကြောင်းဆိုပါသည်။ သို့သော် သျှမ်းပြည် တိုင်းရင်းသားများအနေဖြင့် မိမိတို့ ပဒေသရာဇ်ခေတ်ကတည်းကတွေ့ကြုံခံစားခဲ့ရမှုများအပေါ် သဘောထားနှင့် ယနေ့ခေတ်၌ မိမိတို့ယုံကြည်ချက်များပြောင်း လဲလာခဲ့သည်ဟု စိုင်းလိတ်ကပြောသည်။

“ပြည်ထောင်စုကနေခွဲထွက်လိုမှုကြောင့်မဟုတ်ဘူး။ စစ်မှန်သောပြည်ထောင်စုကြီးပေါ်ပေါက်လာဖို့ ၊လူမျိုးကြီး ကနေ လူမျိုးငယ်လေးတွေအပေါ်၊ အင်အားကြီးကနေ အင်အားငယ်တဲ့အုပ်စုတွေအပေါ် နိုင်လိုမင်းထက် စိတ် ထားမျိုး၊ အပေါ် စီးစိတ်ထား မျိုးမရှိတဲ့ ပြည်ထောင်စုစစ်စစ် ဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ် နေတာဖြစ် ပါတယ်။ ဒီလိုပြည်ထောင်စု စစ်စစ်ဖြစ်ပေါ် လာဖို့ဆိုတာ တိုင်းပြည်ကြီးအေးချမ်းမှဖြစ်မယ်။ ပြည်တွင်းစစ်မီး မငြိမ်းရင် ငြိမ်းချမ်းရေးဆိုတာအပြောဘဲရှိမယ်။ လူထုရဲ့ ယုံကြည်မှုကို ရရှိမှာမဟုတ်ပါဘူး” ဟု စိုင်းလိတ်က ပြောသည်။

၃ ရက်ကြာ ကျင်းပသော အဆိုပါဆွေးနွေးပွဲမှ - ‘စစ်မှန်သော ဖက်ဒရယ်ပြည်ထေင်စုစစ်စစ်တည်ဆောက်ဖို့ ၊ ၂၀၀၈ ဥပဒေ ပြန်လည်ပြင်ဆင်ဖို့ သို့မဟုတ် အသစ်ပြန်ရေးဖို့ ၊ မြန်မာပြည်အလယ်ပိုင်းမှာဖြစ်နေတဲ့ပြသနာဟာ ငြိမ်းချမ်းရေးလမ်း ကိုပျက်ပြားစေတဲ့အတွက်ကြောင့် ၊ Rule of law ကိုထိခိုက်စေတဲ့အတွက်ကြောင့် ဒီကိစ္စ ဖြစ်အောင် တားဆီးဖို့ (လှုံ့ဆော် တဲ့လူတွေကို ရှုတ်ချဖို့) နောက်တခုက စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုဖြစ် ပေါ်လာရေးအတွက် ဒီဆွေးနွေးပွဲလုပ်သင့် တယ် ထင်လို့ ကြိုးစားလုပ်ဆောင်ရတယ်’ -  ဟုလည်း စိုင်းလိတ် ကပြောပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထပ်မံတိုးမြင့်လုပ်ဆောင်ရန်အတွက် ပြီးခဲ့သည့်ဆွေးနွေးပွဲ ၂ ရပ် (ရန်ကုန် - သျှမ်းသီး သန့် ၊ လားရှိုး - သျှမ်း + ကယား) ကို ပြန်လည်ဆန်းစစ်ရဦးမည်ဖြစ်ကြောင်း စိုင်းလိတ်ကဆက်လက် ပြောပြပါ သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates