UNFC အစည်းအဝေးစတင် ပြည်လုံးကျွတ်အပစ်ရပ်ရေးကိစ္စပါ ဆွေးနွေးမည်



  အောက်တိုဘာ ၇ ရက် ၂၀၁၃ ယနေ့ စတင်သည့် UNFC ၏အစည်းအဝေးတွင် အစိုးရကမ်းလှမ်း
ထားသည့် ပြည်လုံးကျွတ် အပစ်ခတ်ရပ်စဲရေးကိစ္စပါ ဆွေးနွေးသွားသည်ဟု တက်ရောက်သူများ
ကပြောပါ သည်။


ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အောက်တိုဘာ ၇ - ၉ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပမည့် ညီညွှတ်
သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ၏ အစည်းအဝေးတွင် အစိုးရနှင့်နိုင်ငံရေး
ဆွေးနွေးပါက  တိုင်းရင်းသားဘက်မှ ဆွေးနွေးမည့် နိုင်ငံရေးမူဘောင်၊ နိုဝင်ဘာ ပထမပတ်
အတွင်း အစိုးရ ဦးဆောင်ကျင်းပ မည့် တတိုင်းပြည်လုံးအပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးပွဲ
စသည့် ကိစ္စရပ်များ ပါဆွေးနွေးသွားမည်ဟု ဆိုသည်။

“အခုက ဆွေးနွေးစရာတွေ အရမ်းများတယ်၊ နှစ်ပတ်လည်အစည်းအဝေးကော ဆိုတော့၊
တပြည်လုံး အပစ်ခတ်ရပ်စဲရေးကိစ္စလဲ ဆွေးနွေးသွားရမယ်။ အခုတော့ ဘာမှ မပြောနိုင်သေး
ဘူး” - ဟု အစည်း အဝေးတက်ရောက်သူ မြောက်ပိုင်းသျှမ်းပြည်တပ်မတော် အမည်ရ
SSPP/SSA ကိုယ်စားလှယ် စဝ်ပိုင်ဖ က ပြောသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC တွင် အစိုးရနှင့် အပစ်ရပ်
ထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၆ ဖွဲ့ အပစ်ရပ်ရေးသဘောတူညီချက်ရယူနိုင်
ခြင်းမရှိသေးသည့် တပ်ဖွဲ့ က ၅ ဖွဲ့ ပါရှိပါသည်။

အပစ်ရပ်ထားသည့် တပ်ဖွဲ့ဝင် ၆ ဖွဲ့ မှာ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ KNPP ၊
ကရင်အမျိုး သားအစည်းအရုံး KNU ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၊ ချင်း
အမျိုးသားတပ်ဦး CNF ၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ၊ မွန်ပြည်သစ်
ပါတီ NMSP တို့ဖြစ်သည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA  နှင့် ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်
မတော် TNLA တို့မှာ အပစ်ရပ်ရေးအတွက်ဆွေးနွေးထားဆဲဖြစ်ပြီး၊ LDU (လားဟူ) ၊
NUPA/ANC  (ရခိုင်) နှင့် WNO - ဝ အမျိုးသားအဖွဲ့ချုပ်တို့မှာမူ အစိုးရနှင့် တွေ့ဆုံဆွေးနွေး
မှု လုံးဝ မရှိသေးပေ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates