ဒေသတွင်း EITI အလုပ် အမှုဆောင်ဖွဲ့ဖို့ သျှမ်း/တောင်မှ ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်
ဒေသအတွင်း EITI အလုပ်အမှုဆောင် ဖွဲ့စည်းရန် သျှမ်းပြည်တောင်ပိုင်းမှ ကိုယ်စားလှယ် များရွေး ကောက်တင်မြှောက်ခြင်းကို ဒီဇင်ဘာ လ ၂၂ ရက်နေ့ တောင်ကြီးမြို့ classic စားသောက်ဆိုင်တွင် ကျင်းပခဲ့ပါသည်။
ကဏ္ဍအသီးသီးမှ လူထုအကျိုးအတွက်လှုပ်ရှားဆောင်ရွက်နေသော သျှမ်းပြည်တောင်ပိုင်းရှိ အရပ်ဘက် လူ့အဖွဲ့အစည်းပေါင်း ၃၈ ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း ၈၇ ဦးတက်ရောက် ဆွေးနွေးခဲ့ပြီး ကိုယ်စားလှယ် ၈ ဦးကို မဲစနစ်ဖြင့်ရွေးချယ်ခဲ့သည်။
ရွေးချယ်ခံခဲ့ရသော ကိုယ်စားလှယ် ၈ ဦးမှာ မျိုးဆက်သစ် (သျှမ်းပြည်) မှ ကိုမိုး၊ Shan State Youths မှ စိုင်းခေးလျို ၊ ၈၈ ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုနေမျိုး ၊ DEMO အဖွဲ့မှ ခွန်ခမ်းကောင်၊ IDEA အဖွဲ့မှ ဦးဇော်ထွန်း ၊ တောင်သူ လယ်သမားနှင့် မြေယာ သမဂ္ဂ မှ ကိုဝင်းရှိန်းမြင့် ၊ PYO အဖွဲ့မှ ကိုထွန်းတင်၊ တရားမျှတမှု စောင့်ကြည့် ရေးအဖွဲ့မှ ကိုထွန်းထွန်းဦး တို့ဖြစ်ကြောင်းသိရှိရ သည်။
ယင်းကဲ့သို့သော အရပ်ဘက်လူ့အဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များအား သျှမ်းပြည်မြောက်ပိုင်း မှ ၈ ဦးနှင့် သျှမ်းပြည် အရှေ့ပိုင်းမှ ၂ ဦးရွေးချယ်မည်ဖြစ် ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအနေဖြင့် Extractive Industries Transparency Initiative (EITI) သဘာဝသယံဇာတ အရင်း အမြစ် များတူးဖော် ထုတ်ယူသုံးစွဲရေးဆိုင်ရာ ပွင့်လင်းမြင်သာ မှုဖော်ဆောင်ရေးအဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံ အဖြစ်လျှောက်ထားရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ကြိုးပမ်းရာတွင် အရပ်ဘက်လူ့အဖွဲ့အစည်း များမှ ကိုယ်စား လှယ်များ ရွေးကောက် တင်မြှောက်ခြင်းမှာခြေလှမ်း တစ်ရပ်ဖြစ် ကြောင်း ကိုယ်စား လှယ်များကပြောသည်။
“ကျမတို့အနေနဲ့ ညွန့်ပေါင်းအဖွဲ့ (Multi Stakeholder Group) ဖွဲ့နိုင်ဖို့ကြိုးစားနေတယ်။ ဖေဖော်ရီလဆန်း ပိုင်းမှာ ပြီးအောင်လုပ်နိုင် ရင်ကောင်းမယ်။ လျှောက်လွှာတင်တဲ့အခါမှာလည်း အဖွဲ့ဝင် (လောင်း)နိုင်ငံ အဖြစ်သတ်မှတ်ခံရဖို့၊ ပွင့်လင်းမြင်သာမှုအတွက် စိစစ်သင့်တဲ့ကဏ္ဍတွေကို အတတ်နိုင်ဆုံးနည်း အောင်လုပ်သင့် ပါတယ်” - ဟု မြန်မာနိုင်ငံသို့လာရောက် လည်ပတ်ခဲ့သော အ ပြည်ပြည်ဆိုင်ရာ EITI ဘုတ်အဖွဲ့ ဥက္ကဌ Ms. Clare Short က သတိပေး ပြောကြားခဲ့သည်။
Tags: General, News

