ငြိမ်းချမ်းရေး နည်းလမ်းနဲ့ ဖြေရှင်းလို့ မရရင်လည်း လက်နက်ကိုင်ပြီးဖြေရှင်းဖို့ ဘဲလိုတယ်




“ ငြိမ်းချမ်းရေးနည်းလမ်းနဲ့ဖြေရှင်းလို့မရရင်လည်း လက်နက်ကိုင်ပြီးဖြေရှင်းဖို့ဘဲလိုတယ်လေ။ ဆွေး နွေး လို့မရရင်လည်း ပစ်ခတ်ဖို့ဘဲရှိတော့တယ်ပေါ့။ ရွေးစရာလမ်းမရှိတော့ဘူးလေ။ သူတို့ဘက်က ဘယ်လိုဖြေရှင်းမလဲ ကျနော်တို့စောင့်ကြည့်ရမယ်။ နောက်တခုက တပြည်လုံး အပစ်ရပ်ရေးကို စောင့်ကြည့်ရမယ်။ သူတို့ တကယ်လုပ်နိုင်မလားဆိုတာ။ တကယ်တမ်းကျတော့ တပြည်လုံး အပစ်ရပ် လက်မှတ်ထိုးဖို့ဆိုတာ အရမ်းလွယ်တာပေါ့။ မြန်မာစစ်တပ်က မခက်ခက်အောင် လုပ်နေတာဘဲလေ။ ပြီးရင် တိုင်းရင်းသားတွေ NCCT တွေကိုလိုက်ပြီးလက်ညှိုးထိုး အပြစ်တင်။  တကယ်ဆို အမှားက သူတို့ဆီမှာဘဲ ရှိတယ်။   တကယ်တော့ ကျနော်တို့က အစိုးရဆီမှာ  အပစ်ရပ်လက်မှတ်ရေးထိုး သဘောတူညီပြီးပြီဘဲ။ ကျနော်တို့ စုပေါင်းပြီးဆွေးနွေးကြမယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတောင်လုပ်ပြီး နေရောပေါ့။ ကျနော်တို့အခု ဒါကိုစောင့်ကြည့်နေတာပါ။ သူတို့ဖြေရှင်းချက်လည်းမပေး အပစ်ရပ် လက်မှတ်ရေး ထိုးပွဲလည်းမလုပ်ဘူးဆိုရင်ဘာထူးမလဲ။ ကျနော်တို့ လုပ်ခဲ့သမျှကို ပြန်ရုပ်သိမ်းမယ်။ လက်နက်ကိုင်ပြီး ပြန်တိုက်ဖို့ဘဲလိုတော့တယ်လေ။ တိုက်မယ်ဆိုရင်လည်း အဆုံးအထိတိုက်ကြမယ်။   ကျနော်တို့ကို အမြစ်ပြတ်ချေမှုန်းလိုက်။ ကျနော်တို့လည်း သူတို့ကို အမြစ်ပြတ်ချေမှုန်း တိုက်ခိုက်ကြမယ်။ ဒါဘဲရှိတော့တယ်လေ”

ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ  သျှမ်းပြည်တပ်မတော်




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates