သျှမ်း/အရှေ့ မြို့တော် ကျိုင်းတုံတွင်လေပြင်းမုန်တိုင်းကျ
မေလ ၂၇ ရက် ညနေ ၃ နာရီကစ၍ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် လေပြင်းမုန်တိုင်း တိုက်ခတ်ရာ နေအိမ်များ ပြိုကျပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း ကျိုင်းတုံဒေသခံများကပြောသည်။
![]() |
| လေပြင်းမုန်တိုင်းဒဏ်ခံရသော ကျိုင်းတုံမြို့အပျက်အစီးတချို့ (ဓါတ်ပုံ- ကျိုင်းတုံချစ်မြတ်နိုးသူများ ဖေ့စ်ဘုခ်မှ) |
“ ညနေ ၃ နာရီခွဲကစပြီး လေဝင်တယ်။ တနာရီကျော်ကျော်လောက် လေရော မိုးရော ပြင်းပြင်းထန်ထန် ကျတယ်။ မြို့တွင်းရပ်ကွက်တွေထိခိုက်ပျက်စီးမှုများတယ်။ မြို့ပြင်ကျေးလက်က အဲလောက်မဟုတ်ဘူး။ စွမ်ဆတ် တောင်အတက်လမ်းမှာရှိတဲ့ ကျိန်းခုမ်ရပ်ကွက်မှာအိမ်ပြိုတာရှိတယ်။ အိမ်ခေါင်မိုးတွေ လေနဲ့လွင့်ပါသွားတာရှိတယ်။ နွဲ့နော ရပ်ကွက်မှာ သက်တမ်းရင့်ညောင်ပင်ကြီး ကျိုးတယ်။ လူတော့ သေကြေထိခိုက်မှုမရှိပါဘူး” ဟု ကျိုင်းတုံမြို့ခံ စိုင်းဆာမ်က သျှမ်းသံတော်ဆင့် အား ပြောသည်။
![]() |
| လေပြင်းမုန်တိုင်းဒဏ်ခံရသော ကျိုင်းတုံမြို့အပျက်အစီးတချို့ (ဓါတ်ပုံ- ကျိုင်းတုံချစ်မြတ်နိုးသူများ ဖေ့စ်ဘုခ်မှ) |
မြို့တွင်းလမ်းမများပေါ်တွင် ဒူးခေါင်းအထိ ရေများလွှမ်းနေဆဲဖြစ်ကြောင်း စိုင်းဆာမ်က ပြောပါသည်။
![]() |
| လေပြင်းမုန်တိုင်းဒဏ်ခံရသော ကျိုင်းတုံမြို့အပျက်အစီးတချို့ (ဓါတ်ပုံ- ကျိုင်းတုံချစ်မြတ်နိုးသူများ ဖေ့စ်ဘုခ်မှ) |
Tags: Environment, News




