ဒီအချိန်မှာ ဘယ် SSA တပ်မှ အစိုးရကိုတော်လှန်ပုန်ကန်နေတာမရှိဘူး
အခု သူတို့စွပ်စွဲထားတဲ့ ပုဒ်မ ၁၇-၁ ဆိုတာ SSA တောတွင်းလက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်တယ် ပေါ့နော်။ ဒီအချိန်မှာ ဘယ် SSA တပ်မှ အစိုးရကိုတော်လှန်ပုန်ကန်နေတာမရှိဘူး။ အားလုံးက အပစ်အခတ်ရပ်စဲထားတယ်။ ငြိမ်းချမ်းရေးရယူထားတယ်။ ဆိုတော့ ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့ကို သူတို့က သောင်းကျန်းသူအဖြစ် သတ်မှတ်တယ်ဆိုတာမျိုးက ခေတ်အခြေအနေနဲ့လည်း မကိုက်ညီဘူး ပေါ့နော်။ အဲဆို တရားဥပဒေဆိုတာ လိုရင်လိုသလို မလိုရင်မလိုသလို ချုံ့လို့ချဲ့လို့ရနေတဲ့အနေအထား မျိုးတွေ့နေရတာမို့လို့ ဒီအခြေအနေအပေါ် ကျနော်တို့သက်ဆိုင်ရာ ကိုစုံစမ်းပြီး အယူခံဝင်သွားမယ်။ လိုအပ်ရင် ဥပဒေအကြောင်းအရ ရင်ဆိုင်သွားဖို့ ကျနော်တို့ ပြင်ဆင်သွားမှာဖြစ်တယ်။”
စိုင်းလိတ်
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီပြောခွင့်ရ
စိုင်းလိတ်
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီပြောခွင့်ရ
Tags: Opinion


