ခဲ/သတ္တု သန့်စင် စက်ရုံမှ တရုတ် နိုင်ငံသား များ အဖမ်း ခံရ
သျှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် ဘော်ဆိုင်း ဒေသရှိ ကောင်းသော အင်အားကြယ် ကုမ္ပဏီ ခဲ၊သတ္တု သန့်စင် စက်ရုံမှ တရုတ် နိုင်ငံသား ဝန်ထမ်း ၁၀ ကျော်ကို ဟဲဟိုး ရဲစခန်းက ဖမ်းဆီး ထိန်းသိမ်း ထားသည်ဟု စုံစမ်းသိရှိရပါသည်။
“ တရုတ်ကုမ္ပဏီက ၀န်ထမ်း အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၁ ဦး ကို သူတို့ရဲ့ အလုပ်လုပ်ခွင့် ဗီဇာသက်တမ်း ကုန်သွားလို့ ဟဲဟိုးရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားတယ်။ လ.၀.ကကတော့ အက် ၁၃(၁) နဲ့ အမှုဖွင့် အရေး ယူထားတယ်။ နယ်စပ်ဖြတ်ကျော်ခိုးဝင်မှုပေါ့ ” ဟု ဟဲဟိုးရဲစခန်းက ရဲအသိုင်းအဝိုင်းကဆိုပါသည်။
ကောင်းသောအင်အားကြယ် ကုမ္ပဏီ ခဲ၊ သတ္တုသန့်စင်စက်ရုံအား သျှမ်းပြည်နယ်တွင်ပထမဆုံး နိုင်ငံခြားရင်းနှီးမြုပ်နှံခွင
သတ္တုတွင်းဝန်ကြီးဌာနမှ ကလောမြို့နယ်၊ ဘော်ဆိုင်းဒေရှိ ကုမ္ပဏီနှစ်ခုနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ချက်များအား ၂၀၁၄ ဖေဖော်ဝါရီ ၁၂ ရက်တွင် နိုင်ငံပိုင်သင်းစာတစ်ခုတွင် ထုတ်ပြန်ကြေညာခဲ့ဖူးသည်။
Tags: General, News

