အသားဈေးနှုန်းနှင့်အလေးချိန်မှန်ကန်စေရန်
သို့
သျှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် စည်ပင်သာယာရေးဌာနဝန်ကြီး သိစေရန်
သျှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့သည် စနစ်သစ် ခေါင်းခွန်စနစ်ဖြင့် အသားများ ထုတ်လုပ် ရောင်းချလျှက်ရှိပါသည်။ သို့သော်လည်း သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချခြင်းမရှိဘဲ ၀က်သား ၁ ပိဿာ ၈၀၀၀ကျပ်၊ အမဲသား ၁ ပိဿာ ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချလျှက်ရှိပါသည်။
အလေးချိန်မှာလည်းဘဲ ၇၅ ကျပ်သားသာ ရှိပါသည်။ သတ်မှတ်ဈေးမှာ ဝက်သား ၁ပိဿာ ၆၀၀၀ ကျပ်၊ အမဲသား ၁ ပိဿာ ၇၀၀၀ ကျပ်ဟု သိရပါသည်။ ဘာကြောင့်ယခုကဲ့သို့ အလေးမမှန် ဈေးမမှန် ရောင်းချနေရသနည်းဟု မေးရာ ဒိုင်က- စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးသန်းကျော် အား လည်းကောင်း၊ စည်ပင်ဌာနအားလည်းကောင်း၊ တိရိစ္ဆာန်ကု ဆရာဝန်အားလည်းကောင်း တလလျှင် ကျပ် ၇၀၀၀၀ စီပေးရသောကြောင့်ဖြစ်ကြောင်း ပြောပါသည်။ ထို့ကြောင့် အများပြည်သူစားဝတ် နေရေးအဘက်ဘက်က နစ်နာစေသည့် လာဘ်စားနေကြသော ဝန်ထမ်းများနှင့်စည်ပင် လူကြီးအား အရေးယူပေးပါရန် သျှမ်းသံတော်ဆင့်မှတဆင့် တင်ပြအပ်ပါသည်။
၂၁ ရက် ၅ လ ၂၀၁၄ ခုနှစ်
ကိုရွှေလင်းခေးများအဖွဲ့
Tags: Letter to Editor

