တရုတ်နိုင်ငံပိုင်မြေထဲပါသွားသည့် လယ်မြေများအတွက် အစိုးရထံဒေသခံများ လက်မှတ်ရေးထိုး ကန့်ကွက်



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တွင် တရုတ်-မြန်မာနှစ်နိုင်ငံနယ်နိမိတ်သတ်မှတ်ရေးအဖွဲ့မှ မြန်မာနိုင်ငံဘက် မှမြေများကိုတရုတ်နိုင်ငံပိုင် မြေအဖြစ်တိုင်းထွာသတ်မှတ်ကာ ယာယီငုတ်တိုင်များစိုက်ထူထားသော  ကြောင့်   ဒေသခံများ ကန့်ကွက်လက်မှတ်ရေးထိုးသည့်စာကို ဇွန်လ ၄ ရက်နေ့က နေပြည် တော် အစိုးရအဖွဲ့ထံ ပေးပို့လိုက်ကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံပိုင်မြေဖြစ်သည်ဟုသတ်မှတ်ခံရသောရွာသုံးရွာမှ ရွာသူရွာသား များ လက်မှတ် ရေးထိုး ပြီးနေပြည် တော်အစိုးရအဖွဲ့ထံ ဟိုတယ်နှင့်ခရီးသွားဒု-၀န်ကြီး ဒေါက်တာစိုင်းကျော်အုန်းမှတဆင့် ပေးပို့လိုက် ကြောင်း ၊ဒေါက်တာစိုင်းကျော်အုန်းလည်း လွှတ်တော်ထဲတွင်တင်သွင်း ထားပြီးဖြစ်ကြောင်း နမ့်ခမ်းမြို့  (SNLD) ကျားခေါင်းပါတီ အကြီးအကဲတစ်ဦးကဆိုသည်။

“ကန့်ကွက်ကြောင်းလက်မှတ်ရေးထိုးတဲ့ ဒေသခံတွေကတော့ မန့်နောင်ရွာသား ၃၀၈ ဦး ၊ကုန်းဆာရွာသား ၄၇၅ ဦး နဲ့ ခေးခွန်(ကျေးခွန်၊ စေးခွန်) ရွာက ၅၅ ဦး အားလုံး ၈၃၈ ဦး ရှိပါတယ် ” - ဟု ၄င်းကပြောသည်။

ဒေသခံပြည်သူများမှ လက်မှတ်ရေးထိုး ပို့ပေးခဲ့သောစာများ လက်ခံရရှိပြီး လွှတ်တော်ထဲသို့တင်ပြထားကြောင်း ၊ နေပြည်တော်အစိုးရအဖွဲ့မှလည်း နှစ်နိုင်ငံနယ်နမိတ်မြေများကို အတိအကျပြန်လည်တိုင်းတာပေးရန် သျှမ်းပြည်အစိုးရထံ စာပို့ထားကြောင်း ဟိုတယ်နှင့်ခရီးသွား ဒု-၀န်ကြီး ဒေါက်တာစိုင်းကျော်အုန်း က ဆိုသည်။

“ ဒီ နယ်နိမိတ်တိုင်းတာမှုဟာ ရိုးသားမှုမရှိဘူးလို့ကျနော်ထင်တယ် ၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ပိုင် မြေထဲဧကပေါင်းရာချီ တရုတ်နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ခံရတယ်လို့၊ ဒါပေမဲ့ ခုသတ်မှတ်မှုမှာ ယာယီသတ် မှတ်မှုအဆင့်ပဲရှိပါသေးတယ်၊ ပြန်လည်သတ်မှတ်နိုင်သေးတယ် ” ဟု ၄င်းက သျှမ်းသံတော်ဆင့်အား ပြော သည်။

၁၉၆၂ ခုနှစ်ကတည်းက တရုတ်နယ်ခြားမှတ်တိုင်များ အားလုံး သည် နမ့်ခမ်းမြို့ ရွှေလီမြစ်တစ်ဘက်ကမ်း တွင်သာရှိသည်ကိုတွေ့ရကြောင်း၊ ယခုမှ အဘယ်ကြောင့် တရုတ်နယ်ခြား မှတ်တိုင်များသည် ရွှေလီမြစ်ကိုကျော် ဖြတ်ပြီး မြန်မာ ဘက်ခြမ်းကို လာစိုက် ရသည်ကို မသိရကြောင်း ရှေ့မှီနောက်မှီ သက်ကြီး ဝါကြီး ဒေသခံ ချိန်းဆွဲ့ က လည်း ပြောပြပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates