ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုးရန် သျှမ်းပြည်နယ်အတွက် SNLD ပါတီ ပူးပေါင်းပါဝင်မည်ဟုဆို



NLD ပါတီနှင့် ၈၈ မျိုးဆက်သစ်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ  ၂၀၀၈  ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ  ၄၃၆  ပြင်ဆင်ရန်  ပြည်သူလူထုလက်မှတ်ရေးထိုးဆန္ဒ ဖော်ထုတ်ရေးတွင် SNLD ပါတီမှလည်း သျှမ်းပြည်နယ်အတွက်ပူးပေါင်း ပါဝင်ကူညီမည်ဖြစ်ကြောင်း သိရသည်။

မတ်လနှောင်းပိုင်းက တောင်ကြီးမြို့လယ်တွင် ဥပဒေပြင်ဆင်ရေး စီတန်းလှည့်လည်ဆန္ဒပြစဉ်

သျှမ်းပြည်နယ် ရှိ တောင်ကြီးမြို့၊ ကျိုင်းတုံမြို့နှင့် လားရှိုးမြို့တို့တွင် ပုဒ်မ(၄၃၆) ပြင်ဆင်ရန် လက်မှတ်ရရှိရေး အတွက် SNLD မှ ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း တောင်ကြီးမြို့ ရှိ SNLD ပါတီဥက္ကဌ ဦးစိုင်းခမ်းပိုင်ဖ က- “ဒီပုဒ်မ(၄၃၆) ပြင်ဆင်ဖို့လက်မှတ်ထိုးတာ ဟာ ကျနော်တို့ SNLD ပါတီအနေနဲ့ သီးသန့်လုပ်တာမဟုတ်ပါဘူး။  NLD ၊ ၈၈ တွေကို ပူးပေါင်းပါဝင် ၀ိုင်းဝန်းကူညီပေးတဲ့ သဘောပေါ့ ” ဟု ရှင်းလင်းပြောကြားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အတားအဆီးဖြစ်နေသည့် ပုဒ်မ ၄၃၆  ပြင်ဆင်ရန် လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ် ခြင်းအား  တောင်ကြီးမြို့၌ဇွန်လ ၂၆ ရက်တွင် NLD ပါတီမှ ဦးတင်ဦး ၊ ၈၈ မျိုးဆက်သစ် ငြိမ်းချမ်း ရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုကိုကြီး ၊မင်းကိုနိုင်၊ ကိုဂျင်မီတို့ လာရောက်ဟောပြောပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates