၂၀၁၄ အတွင်း သျှမ်းပြည်တောင်ပိုင်း NLD ပါတီဝင် ၂ ဦး သတ်ဖြတ်ခံရ



၂၀၁၄ ခုနှစ်အတွင်း သျှမ်းပြည်တောင်ပိုင်းတွင် လုပ်ကြံသတ်ဖြတ်ခံရသည့် NLD ပါတီဝင် ၂ ဦးရှိပြီဖြစ် ကြောင်း တောင်ကြီးမြို့နယ် NLD အသိုင်း အဝိုင်းများထံမှသိရသည်။

လုပ်ကြံသတ်ဖြတ်ခံရသော ဟိုပုံးမြို့နယ် NLD ပါတီ ဒုဥက္ကဌ  စိုင်းစံထွန်း

ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စု NLD ပါတီ ဒုဥက္ကဌ  ဦးစိုင်းစံထွန်းသည်လည်း ၄င်း၏ နေအိမ် အနောက်ဖက်တွင် လွန်ခဲ့သည့် ၂ ရက်ခန့်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်ဟုသိရသည်။

ဇွန်လ ၄ ရက်နေ့ ညသန်းခေါင်တွင် ဦးစိုင်းစံထွန်းနေအိမ်သို့ အမည်မသိလူနှစ်ဦးကရောက်ရှိလာပြီး သူကြီးခေါ်သည် ဟုဆိုကာ ၄င်းအား ခေါ်ဆောင်သွားပြီး အိမ်နောက်ဖက်တွင် သေနတ် သုံးချက်ပစ်သတ်လိုက်ကြောင်း  အတူ သွေးအိုင်ထဲတွင် သေဆုံးနေကြောင်း NLD ပါတီ တောင်ကြီးခရိုင်ဥက္ကဌ ဦးတင်မောင်တိုးကပြောသည်။

 “ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့တွေ ရောက်လာပြီးအလောင်းကို စစ်ဆေးတယ်။ ကျည်ဆံခွံ သုံးခုတွေ့တယ်။ တရာခံကိုတော့ မဖမ်းမိသေးဘူး။ အမှုမှန်  တရားခံ ပေါ်အောင်ဖော်ထုတ်ပေးစေချင်ပါတယ်။ ဒီလိုဖြစ်တာပထမအကြိမ်မဟုတ်တော့ဘူး ”  ဟု သျှမ်းသံတော်ဆင့်အားပြောပါသည်။

ဟိုပုံးရဲစခန်းမှ ပုဒ်မ  ၃၀၂  ဖြင့်အမှုဖွင့်ထားပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း ဟိုပုံးရဲစခန်းမှ ဒုရဲအုပ် ကျော်မင်းစိုး ထံမှသိရပါသည်။

သေဆုံးသူ ဦးစိုင်းစံထွန်း အသက် ၄၇ နှစ်တွင် သားသမီငါးယောက်ရှိပြီး သုံးဦးမှာ ကျောင်းသား များဖြစ်ကြောင်း တောင်ကြီးခရိုင် NLD အနေဖြင့် ကျန်ရစ်သူမိသားစုဝင်များအား ထောက်ပံ့ကြေးများရရှိရေးစီစဉ် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

ဧပြီလ   ၂၅  ရက်  ၂၀၁၄ တွင်လည်း ယင်းကဲ့သို့နမ့်စန်မြို့နယ် NLD အဖွဲ့ဝင်  ခွန်ထင်ကျော်  လည်း ဓါးထိုးလုပ်ကြံသတ်ဖြတ်ခံခဲ့ရဖူးပြီး ယခုတိုင် အမှုမှန်နှင့် တရားခံ မပေါ်သေးကြောင်း တောင်ကြီးမြို့ NLD အသိုင်းအဝိုင်းများထံမှ  သိရှိရပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates