တိုင်းရင်းသားဒေသမှာ တိုက်ပွဲများလျှော့ကျပြီဟု ဦးအောင်မင်းပြော



တနင်္ဂနွေနေ့ ဂျူလိုင်လ ၂၀ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒု-ဥက္ကဌ ဦးအောင်မင်းက လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ခေါ်ပြီးတည်ဆောက်နေသောငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များကို ရှင်းပြ ပြောဆိုခဲ့သည် ဟု ဆိုပါသည်။

 ဦးအောင်မင်းနှင့် တိုင်းရင်းသားကိုယ်စားလှယ်တချို့တို့  တွေ့ဆုံပွဲ

“ လိုင်ဇာမှာဆွေးနွေးပြီးရင်တော့ ဒီ ၂၀၁၄ မှာ တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်နိုင်မယ်။  ၂၀၁၅ မှာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ် - လို့ဦးအောင်မင်းကပြောတယ်။  လက်ရှိအနေအထားမှာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုလျော့ကျ လာ တယ်လို့လည်းပြော တယ်။ အရင်က တပတ်မှာ တိုက်ပွဲပေါင်း အကြိမ် ၄၀၀ ကျော်တယ်။ အခု ၄ လ ပတ်အစည်းအဝေးအရ ကချင်တိုက်ပွဲမှာ ၄ လ အတွင်း အကြိမ် ၂၀၀  ဘဲရှိတော့တယ်။ ဟိုတုန်းကနဲ့ ယှဉ်ရင် ၃.၅ % ဘဲ ရှိတော့တယ် လို့ - ဦးအောင်မင်းကပြော သွားတယ်” ဟု အစည်းအဝေး တက်ရောက်သည့် ပြည်သူ့ လွှတ်တော်အမတ်တဦးက ပြောသည်။

 ဦးအောင်မင်းနှင့် တိုင်းရင်းသားကိုယ်စားလှယ်တချို့တို့  တွေ့ဆုံပွဲ

သို့သော် လက်ရှိတွင် သျှမ်းပြည်တိုးတက်ရေးပါတီ အခြေချထားသည့် ဟာ့ဝမ့် အုပ်စု တပ်စခန်းမှ ဌာနချုပ်သို့ တပ်ဆုတ်ပေးရန်ဖိအားပေးသည့်အနေဖြင့် မြန်မာ့တပ်မတော်က  ဟာ့ဝမ့်အုပ်စုထဲသို့ လက်နက်ကြီး များဖြင့် ယမန်နေ့ကတည်းက ပစ်ခတ်နေကြောင်း  သျှမ်းပြည်တပ်မတော်က ပြောပါသည်။


သို့သော်လက်ရှိတွင် သျှမ်းပြည်မြောက်ပိုင်း၌ ကချင်လွတ်လပ်ရေးတပ်မတော်၊ တအာန်း အမျိုးသားလွှတ်မြောက်ရေးတပ်မတော်၊ သျှမ်းပြည်တပ်မတော်  SSPP/SSA တို့နှင့် နေ့စဉ်ရက်ဆက် တိုက်ပွဲများဖြစ်ပွါးနေသောကြောင့် ဒေသခံထောင်ဂဏန်း စစ်ဘေးရှောင်နေရဆဲဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates