ယာဘမူးယစ်ဆေးကြောင်မှ မယားအား ရိုက်သတ်



သို့-သျှမ်းသံတော်ဆင့် အယ်ဒီတာ

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ နောင်လိုင်ကျေးရွာအုပ်စု ဟွေဆန်းရွာတွင် စိတ်ကြွ ရူးသွပ်ဆေးပြား ကြောင့် လင်ယောကျားဖြစ်သူက မယားဖြစ်သူအား ဝါးလုံးဖြင့် ရိုက်သတ်ခဲ့ပါသည်။ 

ဂျူလိုင်လ ၁၈ ရက်နေ့ ညသန်းခေါင်ယံအချိန်က အဆိုပါဖြစ်စဉ်ဖြစ်ပွါးခဲ့ခြင်းဖြစ်ပါသည်။

နောင်လိုင်ကျေးရွာအုပ်စု ဟွေဆန်းရွာနေ ပအိုဝ်းအမျိုးသား (ပိန်းတောဆေးကုဆရာ) ဆရာစနာ ၅၀ နှစ် သည် ယာဘ မူးယစ်ဆေးဝါး အသုံးလွန်ပြီး ရူးကြောင်ကာ အသက် ၄၀ ခန့်ရှိ ဇနီးဖြစ်သူ ဒေါ်ပါလီ အိပ်ပျော်နေစဉ် ဝါးလုံးဖြင့် မသေမချင်း ရိုက်သတ်ခဲ့ပါသည်။


ယမန်နေ့က မနက် ၁၀ နာရီ ပင်လုံရဲစခန်းမှ ရဲများက ၄င်းအား ဖမ်းဆီးသွားပြီး ပင်လုံအချုပ်ခန်း တွင်ချုပ်နှောင်ထားကြောင်း ဟွေဆန်း ရွာသူကြီး လုံးတိက ပြောပြသည်။


လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်အရေးယူထားကြောင်းလည်း သိရှိရပါသည်။

ပင်လုံမြေမှ
နောင့်မွေဖူး




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates