မြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲ အသစ်ပြန်လည်ဖွဲ့စည်းပေးရန် နမ့်ခမ်းမြို့ ပြည်သူ များလိုလား
သို့ - သျှမ်းသံတော်ဆင့် အယ်ဒီတာ
နမ့်ခမ်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လစ်လပ်နေသော နေရာများကို ပြန်လည် အစားထိုး ရွေးချယ်ရန် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ၆.၁.၂၀၁၅ တွင် မြို့နယ်အုပ်ချုပ်ရေးမှူး အစည်း အဝေးနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး အစည်းအဝေး၌ ပဏာမရွေးချယ်မှုပြုလုပ်ခဲ့ပါသည်။
ယင်းပမာဏ ရွေးချယ်မှုတွင် ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ဦးကမ့်ပေါ်ခမ်းနှင့်ဦးအိုက်သန်း ၀င်း တို့နှစ်ဦး နှုတ်ထွက်ခြင်းမရှိပဲ ဆက်လက်ပါဝင်နေသည်ကို နမ့်ခမ်းမြို့ပြည်သူများက ကျေနပ်ခြင်း မရှိပါ။
၎င်းတို့နှစ်ဦးသည် ပြည်သူများလေးစားယုံကြည်သောသူများမဟုတ်ပါ။ တရုတ် ကုမ္ပဏီများ၏ ပွဲစား ဖြစ်ပြီးနမ့်ခမ်းမြို့နယ်ပြည်သူများထိပ်လန့်တုန်လှုပ်ခဲ့ရသော သုံးသောင်းငါးထောင် ဧက မြို့သိမ်း စီမံကိန်းကို တရုတ်ကုမ္ပဏီ အကျိုးကို ဆောက်ရွက်ပေးသောသူများဖြစ်သည်။
ပြည်သူများကန့်ကွက်မှုကြောင့် ၄င်းအစီအစဉ်မအောင်မြင်ခဲ့သော်လည်း ဆိုးကျိုးများ ယနေ့ထိတိုင် ပြည်သူများ ခံစားနေရဆဲဖြစ်သည်။ (၃၅၀၀၀) ဧက မြို့သိမ်း စီမံကိန်း အကျိုး ဆက်ကြောင့် တရုတ်-မြန်မာ နယ်စပ် အငြင်းပွား မှုများ ဖြစ်ပေါ်လာခြင်းက သက်သေ ပြနေပါသည်။
ဦးအိုက်သန်းဝင်းသည်လည်း အိမ်ထောင်ရေးနာမည်ပျက် ကိုယ်ကျိုးကြည့် စီးပွားရေးသမား ဖြစ်သည်။ အရင်ကော်မရှင်အဖွဲ့ဟောင်းများအားလုံးနှုတ်ထွက်ပြီး အသစ် ပြန်လည်ဖွဲ့စည်းပေးပါမှ လူထုမှ လက်ခံနိုင်မည်ဖြစ်ပါသည်။
ကော်မရှင်အဖွဲ့ဟောင်းအားလုံးသည် ၂၀၁၀ ရွေးကောက်ပွဲရလဒ်ပြဿနာကို တာဝန်ယူဖြေရှင်းရန် ပျက်ကွက်ခဲ့သောကြောင့်ပြည်သူများက အယုံအကြည်မရှိကြပါ။
အဖွဲ့ဟောင်းများထပ်မံပါဝင်လာပါက နမ့်ခမ်းမြို့ခံများ ဆန္ဒပြဖော်ထုတ်သွားပါမည်။
မှ - နမ့်ခမ်းသား
(၉.၁.၂၀၁၅)
Tags: Letter to Editor

