မူစယ်တွင် လောင်းကစားရုံများအဖမ်းအဆီးမရှိ လွတ်လပ်စွာဖွင့်လှစ်နေ



သို့ -  သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူစယ်မြို့၌ လောင်းကစားရုံများသည် အဖမ်းအဆီးမရှိ လွတ်လပ် စွာဖွင့်လှစ်နေသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ပါသည်။



လောင်းကစားရုံများမှာ စွန်စော်ရပ်ကွက် ၊ပြည်ထောင်စုလမ်းမတစ်လျှောက် နှင့်ငွေဆင်လမ်းကြားများ ၌ အများဆုံးဖွင့်လှစ်နေပါသည်။

လောင်းကစားရုံအမျိုးအစားများမှာ တီဗီဂိမ်းလောင်းကစား ရုံ၊အကြီးစားဖဲကစားရုံနှင့် ခြောက်ကောင်ဂျင် ဝိုင်းတို့ ဖြစ်သည်။

 လောင်းကစားရုံပိုင်ရှင်အများစုမှာ ဒေသတွင်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များဖြစ်ကြသည်။ ငွေဆင်လမ်း ကြားက လောင်းကစား ရုံတွင်ပင် ပြည်သူ့စစ်ဝတ်စုံများနှင့် လုံခြုံရေးယူပေးနေသည်ကို တွေ့ရသည်။

လောင်းကစားရုံများပေါများလာသည်နှင့်အမျှ မူစယ်မြို့တွင် ခိုးဆိုးလုယက်မှုများနှင့်လူသတ်မှု နေ့စဉ် နှင့်အမျှ ဖြစ်ပေါ်နေသည်။ လောင်ကစားလုပ်ငန်းကို သက်ဆိုင်ရာအာဏာပိုင်ထံသို့ ဆက် ကြေးနေ့စဉ် ပေးသွင်းပြီးမှ ဖွင့်ခွင့်ရသည်ဟု မူစယ်မြို့ရှိ ရပ်ကွက်အုပ်ချုပ် ရေးမှူးတစ်ဦးက ပြောပြဖူးသည်။

 လမ်းမတစ်ကြီးတစ်လျှောက်  လိုက်ကာ ကာထားသော အခန်းများမှာ  လောင်းက စားရုံဖွင့်ထား သည့် အခန်းများဖြစ်ပြီး   တစ်ညလျှင် သက်ဆိုင်ရာအာဏာပိုင်ထံ ငါးသောင်း ကျပ်သွင်းရ သည်ဟု ၄င်းကပြောသည်။

လောင်းကစားရုံများပြားသည်အမျှ မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူလည်းများပြားလာသည်ကိုတွေ့ သည် ။

ယခုမူစယ်မြို့၌ တီဗီဂိမ်းလောင်းကစားရုံပေါင်း (၇၀) ရုံထက်မနဲ၊အကြီးတန်းဖဲကစားရုံ (၂၀)ရုံထက်မနဲ နှင့် ခြောက်ကောင်ဂျင်ဝိုင်း (၄၀)၀ိုင်းထက်မနဲ အဖမ်းအဆီးမရှိလွတ်လပ်စွာဖွင့်လှစ်နေကြောင်း ဒေသခံများက ပြောသည်။

မူစယ်မြို့ ခေတ္တရောက်
နွမ်နွမ်




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates