သျှမ်း/တောင် ကျောက်မီးသွေး တူးဖော်ရေး စီမံကိန်း ပြဿနာ မျက်နှာ စုံညီ ဆွေးနွေးရန် ဒေသခံ လူထုအား RCSS ဆင့်ခေါ်



သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဒေသခံများကန့်ကွက်နေသော ကျောက်မီးသွေးတူးဖော် ရေးစီမံကိန်းနှင့်ပတ်သက်၍ ကုမ္မဏီနှင့်လူထုတို့ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ ခေါ်ယူသည်ဟု ဒေသတွင်းသတင်းရပ်ကွက်က ဆိုပါသည်။

 မိုင်းကိုင်ဒေသခံ လုံးစိုင်းလုံ

“ဒီလ ၁၃ ရက်နေ့ မနက်ဖြန် မိုင်းကိုင်မြို့အပြင်ဘက် ချိန်းထားတဲ့နေရာမှာ မနက် ၉ နာရီ အရောက် လာဖို့ လုံးစိုင်းလုံကို RCSS က ခေါ်ထားတယ်။ ဗိုလ်မှူးဆောစိန်က စာရေးဆင့်ခေါ်တာ။ ကျနော်တို့ လူငယ်တွေလည်း လိုက်သွားမယ်။ စီမံကိန်းကို ထောက်ခံမလား ကန့်ကွက်မလား ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး လက်မှတ်ထိုးခိုင်းမယ်လို့ပြောတယ်” ဟု လုံးစိုင်းလုံနှင့်အတူလိုက်ပါသွားမည့် မိုင်းကိုင် လူငယ်တဦးက ပြောသည်။

 ပြီးခဲ့သည့် ဒီဇင်ဘာလက လုံးစိုင်းလုံနှင့် မိုင်းကိုင်ဒေသခံတို့တွေ့ဆုံဆွေးနွေးစဉ်


လုံးစိုင်းလုံနှင့်အတူ ဒေသတွင်းလူငယ်များ၊ သံဃာတချို့၊ နိုင်ငံရေးပါတီဝင်၊ လွှတ်တော်ကိုယ်စား လှယ်တို့လည်း လိုက်ပါမည်ဟု ဆိုပါသည်။


“ဟုတ်တယ်။ လူထုအရေးအတွက် လူထုဘက်ကရပ်တည်ပေးဖို့ ကျနော်တို့ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းပန်နဲ့ ပါတီ ဝင်တချို့ကိုလည်း လုံးစိုင်းလုံနဲ့အတူ လိုက်ပါဆွေးနွေးဖို့ ပြောထားပါတယ်” ဟု SNLD ပါတီ ပြောခွင့်ရ စိုင်းလိတ်က ဆိုသည်။


ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းသည် မိုင်းကိုင်လူထုအတွက် ကောင်းကျိုးမဖြစ်စေသည့်အပြင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသဖြင့် လုံးစိုင်းလုံနှင့် မိုင်းကိုင်လူထုတို့ ဒီဇင်ဘာလ အတွင်းက တွေ့ဆုံဆွေးနွေးကာ ထိရောက်စွာ ကန့်ကွက်သွားမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။


သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း နယ်မြေဧက ၁၀၀၀ ကျော်၌ ပြည့်အောင်ဟိန်းနှင့် ဟိန်းမေတ္တာ ကုမ္မဏီ ၂ ခုက ကျောက်မီးသွေးတူးဖော်မည်ဖြစ်ကြောင်း၊ နေပြည်တော်အစိုးရနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီထံမှ တူးဖော်ခွင့်ပါမစ်ကို ပြီးခဲ့သည့်နှစ်အတွင်းက ရရှိထားပြီးဖြစ်ကြောင်း ကုမ္မဏီက ဒေသခံလူထုအား ပြောဆိုသည်ဟု သိရပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates