စာမေးပွဲ ဖြေဆိုပြီးအပြန် အမြန်လမ်းတွင်ယာဉ်တိုက်မှုဖြစ် သျှမ်း/တောင်မှသံဃာတော် ၅ ပါးပျံလွန်



သျှမ်းပြည်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ် နောင်မူကျေးရွာဘုန်းတော်ကြီးကျောင်းမှ သံဃာတော် နှင့် ဘုန်းကြီးကျောင်းသားများစီးနင်းလိုက်ပါလာသော Light Truck ကား ရန်ကုန်- မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး သံဃာတော်များ ပျံလွန်တော်မူသည်များရှိကြောင်း သိရ သည်။



မတ်လ ၉ ရက် နံနက် ၅ နာရီဝန်းကျင်ခန့်က စာမေးပွဲဖြေဆိုပြီးအပြန် ရန်ကုန်-မန္တလေးအမြန်လမ်းမ ၊ မိုင်တိုင်အမှတ်(၂၄၁/၁-၂) ကြား၌ ယာဉ်တိုက်မှုဖြစ်ပွါးခြင်းဖြစ်ပါသည်။

နေပြည်တော်မှ မန္တလေးသို့မောင်းနှင်လာသော" မန်းရွှေမြို့တော်" Express ခရီးသည်တင်မှန်လုံယာဉ် နှင့်တိုက်မိခြင်းဖြစ်ပါသည်။ မန်းရွှေမြို့တော် ယာဉ်ပေါ်တွင်ပါလာသော ခရီးသည်များထိ ခိုက်ဒဏ် ရာရမှုမရှိဘဲ ယာဉ်မောင်းဖြစ်သူမှာထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။

သံဃာတော် ၂၀ ပါး နှင့် ဘုန်းကြီးကျောင်းသား ၄ ဦးတို့လိုက်ပါ စီးနင်းသော Light Truck ယာဉ်မှာ   လမ်းယာဘက် မြေသားလမ်းပေါ်တွင် တိမ်းမှောက်သွားခဲ့ပြီး သံဃာတော်  ၅ ပါး ပွဲချင်းပြီး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသော သံဃာတော် (၁၅) ဦးနှင့် ဘုန်းကြီးကျောင်းသား (၄) ဦးအား နေပြည် တော်ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်ခဲ့ပြီး၊ ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ) ၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၂၀၂ ဖြင့်အမှုဖွင့် စစ်ဆေး လျှက်ရှိကြောင်း သိရှိရပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates