အင်းလေးကန်ရေခမ်းခြောက် စိုက်ပျိုးရေးလုပ်ငန်းအထူးထိခိုက်



သျှမ်းပြည်တောင်ပိုင်း အင်းလေးကန်ဒေသတွင် ယခင်နှစ်များထက် ရေပိုမိုခမ်းခြောက်သဖြင့်အင်းလေး ဒေသခံများအတွက် အထူးထိခိုက်မှုဖြစ်နေရကြောင်း သိရသည်။





ယခုနှစ် ဧပြီလ အတွင်းအင်းလေးကန် ရေအထူးခမ်းခြောက်သဖြင့်  လှေသွားလာမှုအတွက်ခက်ခဲပြီး ရေရှားပါးမှုပြဿနာကြောင့် စိုက်ပျိုးရေးလုပ်ငန်းကိုပါ ထိခိုက်လာသည်ဟု ဒေသခံများ ကပြောသည် ။

“ အရင်နှစ်ကထက် ဒီနှစ်က မိုးပိုခေါင်တယ်။ ရေလည်း အတော်ခမ်းသွား တယ်၊ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေပိုများလာတဲ့အတွက်တော့ ဈေးရောင်းကောင်းတယ်။ ဒါပေမဲ့ စိုက်ပျိုးရေး လုပ်ဖို့အတွက် ရေအခက်အခဲဖြစ်နေတယ်။ ” ဟု ဖောင်တော်ဦး ဘုရားတွင်ဈေးရောင်းသောဈေးဆိုင် ပိုင်ရှင်များကဆိုသည် ။

ဧည့်သည် အများဆုံး လာရောက်ဖူးမျှော်သော ဖောင်တော်ဦးဘုရားအနီးတစ်ဝိုက်တွင် ရေခမ်းခြောက် မှုကြောင့် နှုန်းမြေများပေါ်ကာ စက်လှေခုတ်မောင်းရန်  အလွန်ခက်ခဲကြောင်း လှေသမားများက ပြောသည် ။

“ ဒီနှစ်ကဧည့်သည်ကလည်းများ ရေကလည်းခမ်းတော့ လေဆိပ်အတက်အဆင်း တွေမှာအရမ်း ဒုက္ခရောက်တယ် ” စက်လှေသမား မောင်တာကဆိုသည် ။

ဟိုတယ်ဇုန်သည်လည်း အင်းလေးကန်ရေခမ်းရန်အဓိက အကြောင်းအချက်တခုဖြစ်ကြောင်း တာလေးရွာနေ ဒေသခံ ကိုထွန်းရွှေက ရှင်းပြသည် ။

“ အဓိကကျနော်တို့အင်းလေးရေခန်းခြောက်ရတဲ့ပြဿနာက တောင်ပေါ်မှာမြေက တုံးတွေဖြစ်နေ တော့ မိုးခေါင်လာတာပေါ့ ၊ ဒီနှစ်မိုးကောင်း ကောင်းမရွာ သေးဘူး ၊ လှေကားထစ် စိုက်ပျိုးနည်းကို လည်းမသုံးကြတော့ဘူး၊  ဟိုတယ်ဇုန်လုပ်နေတဲ့ နေရာက နှုန်းမြေတွေအင်းထဲကိုဝင်ရောက်လာတယ်  ဟိုတယ်ဇုန်လုပ်ငန်းက တစ်ဘက်ကတိုးတက်ပြီး တစ်ဘက်မှာ ဆုတ်ယုတ်တယ် ဒါတွေကအဓိက ပြဿနာ  ဖြစ်တယ်”

“ နိုင်ငံတော်ကနေ အင်းလေးကန်ထိန်းသိမ်းရေးအတွက် ဘတ်ဂျက်တွေချထားပေး တယ်လို့လဲ သိရ တယ် နိုင်ငံခြားသားတွ လောလည်ရင်လည်း ၅ ဒေါ်လာ ပေးရတယ် အင်းလေးကန် ထိန်းသိမ်း ရေး လုပ်ငန်းလုပ်ဖို့ဌာနဆိုင်ရာ တွေပဲလုပ်လို့မရဘူး။ ကျနော် တို့အင်းသားတွေလဲ ပါဝင်ချင်တယ် ။ ဌာန ဆိုင်ရာဝန်ထမ်းတွေဆိုတာ ဒေသအသီးသီးက လာကြတဲ့သူတွေလေ။ အင်းလေးကန်ကို ကျနော်တို့ လိုဒီမှာမွေး ဒီမှာကြီးတဲ့ အင်းသား တွေလောက်ချစ်ပါ့မလား ဗျာ ”ဟု၎င်းကဆက်လက်ပြောသည် ။
အင်းလေးဒေသတွင် စပါး ၊ ခရမ်းချဉ်သီး ၊ ငရုပ်သီး၊ ဘူးသီး ခရမ်းသီး၊ မုန်လာထုတ် စသည့်သီးနှံများ စိုက်ပျိုးပြီး ယခုနှစ် ရေခမ်းခြောက်လာခြင်းအတွက် စိုက်ပျိုးရေး လုပ်ငန်းထိခိုက် ပြီးအထွက်နှုန်း ကျဆင်းမည့်အခြေအနေ ရှိကြောင်းဒေသခံများကပြောသည်။

“ ဆည်များများဆောက်ပေးသင့်တယ်။ လက်ရှိကျမတို့အင်းလေးမှာ ဆည်သုံးခုပဲရှိသေး တယ် ၊ မိုးမခေါင်အောင် ကျမတို့ဆုတောင်းပွဲတွေ လုပ်ရမယ် ။ သစ်ပင်များများ စိုက်ရမယ်။ အင်းထဲမှာမှ ရေမရှိဘူးဆိုရင်တော့ ကျမတို့အင်းသားဘဝ ပျက်ဖို့ပဲရှိတော့တယ် ” ဟု လယ်ယာစိုက်ပျိုးသူ မဇင်မာဦးက ပြောသည် ။

“ လွန်ခဲ့တဲ့ (၂) နှစ်ကအင်းလေးနဲ့ ဒီနှစ်အင်းလေး တော်တော်ကွာခြားသွားပြီး အရင်နှစ် လာတုန်းက အင်းလေးက ရေပြင်ပြာပြာ၊ ဒီနှစ်အင်းလေးက ရေပြင်နီနီ တွေဖြစ်ကုန်ပြီ။ ရေတွေလည်း မကြုံစဖူး ခမ်းခြောက်လာတာလည်းတွေ့ရတယ် ၊ နိုင်ငံတော်ကို အင်းလေးက အလုပ်အကျွေးပြုနေတာ တစ်ရက်တစ်ရက် ၀င်ငွေမနည်းဘူးဆိုတာ နိုင်ငံခြားခရီးသွား တွေကိုကြည့် ရင်သိပါတယ် ။ ကမ္ဘာက အသိအမှတ်ပြုတဲ့ အင်းလေးကို တာဝန်ရှိသူတွေအနေနဲ့ ပစ်မထားသင့်ဘူး ” ဟု ရန်ကုန်မြို့မှ မမေနှင်း ကဆိုသည် ။

အင်းလေးဒေသတွင် တိုက်နယ် ပေါင်း (၄၃)ခုရှိပြီး ကျေးရွာပေါင်း (၄၄၄) ရွာရှိသည် ။ ဧပြီလအတွင်းရေခမ်းခြောက်မှုနေရာအနှံ့တွင်သာမက   ဖောင်တော်ဦး ဘုရားအနီး တစ်ဝိုက်နှင့် နမ့်ပန် ၊ တံတားဦး ၊ ရွာမ၊ အလိုတော်ပေါက်တို့တွင် ပိုမို ခမ်းခြောက်သည်ကိုတွေ့ရကြောင်း သိရပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates