ကောင်းမွန်သည့်အစိုးရ ရရှိရေး ကယားပြည်နယ် တိုင်းရင်းသားပေါင်းစုံညီလာခံကျင်းပ
ကယားပြည်နယ်အတွင်း ရှိ နိုင်ငံရေးမဟာမိတ် သုံးခု စုပေါင်းကမကထပြုမှုဖြင့် ဒေသခံ တိုင်းရင်း သားလူမျိုးများ နိုင်ငံရေးအသိနိုးကြားပြီး ကောင်းမွန်သည့်အစိုးရ ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ညီလာခံတရပ်အား မြို့တော် လွိုင်ကော်၌ မေလ ၁၁ မှ ၁၃ ရက်ထိ ကျင်းပနေပါသည်။
ကယားပြည်နယ်ရှိ ကယားလူမျိုးစုဒီမိုကရေစီပါတီ(Kayah Union Democratic Party ) ၊ ကယန်းအမျိုးသားပါတီ( Kayan National Party ) ၊ လူမျိုးပေါင်း စုံဒီမိုကရေစီပါတီ (All National Democracy Party ) တို့ဦးဆောင်၍ ဒေခံတိုင်းရင်းသား အယောက် ၃၀၀ ပါဝင်တက်ရောက်သည့် ညီလာခံတရပ်ကျင်းပနေခြင်းဖြစ်သည်။
“ ဒီညီလာခံပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ (၁) ပါတီများညီညွတ်ရေးနှင့် ကောင်းမွန် သော ပြည်နယ် အစိုးရတစ်ရပ် ပေါ်ပေါက်လာရေး (၂) လူထုနိုင်င်ငံရေးအသိနိုးကြားပြီး နိုင်ငံရေးတွင် ပါဝင်လာစေရန် (၃) လူထုအသံကို မြှင့်တင်ပေးခြင်းနှင့် မူဝါဒများရေးဆွဲ ရာတွင် ထည့်သွင်းအကောင်အထည် ဖော်နိုင် ရေး - အဓိကဖြစ်တယ်လို့သိရတယ်။ တခြားခေါင်းစဉ်တွေလဲပါ ရှိမှာပေါ့ ” - ဟု ညီလာခံတက်ရောက် သည့် နန်းအေးလျဲန်က ပြော သည်။
လွိုင်ကော်မြို့ ချိကယ်ကျေးရွာအုပ်စု ကေ့ထိုးဘိုးခန်းမဆောင်တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲ အချိန်အထိ ၃ ရက်ကြာ ကျင်းပလျှက်ရှိပါသည်။
အဆိုပါညီလာခံတွင် ကယားပြည်နယ်အတွင်းနေထိုင်သည့် ကယား ၊ သျှမ်း ၊ ကယော၊ ကယန်း၊ ပအိုဝ်း ၊ မနုမနော စသည့်လူမျိုးစု ကိုယ်စားလှယ်များ၊ လွိုင်ကော်မြို့တွင်း နေထိုင်သည့် သူများ တက်ရောက်ကြ သည်ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။
Tags: General, News



