ပြည်သူများ မဲစာရင်း ကြည့်ရှု ခြင်းဆိုင်ရာ အသိပေး လှုပ်ရှားမှု တောင်ကြီး မြို့နယ်တွင် ပြုလုပ်
ပဏာမမဲစာရင်းများထုတ်ပြန်ကြေညာလျှက်ရှိသည့် သျှမ်းပြည်တောင်ပိုင်းတွင် Justice Drum Voter Education and Election Monitoring လူမှုအဖွဲ့အစည်းက တောင်ကြီး မြို့နယ် ရပ်ကွက်များတွင် မဲဆန္ဒရှင်များ ဆိုင်ရာအသိ ပညာပေးခြင်း နှင့် ပြည်သူများ မဲစာရင်း ကြည့်ရှု ခြင်းဆိုင်ရာ အသိပေး ဗီနိုင်းများလက် ကမ်းစာစောင်များ ဖြန့်ဝေသွား မည်ဟုသိရ သည်။
" ကျနော်တို့အဖွဲ့အနေနဲ့ ရပ်ကွက်တွေထဲဝင်တဲ့အခါ တစ်ချို့ရပ်ကွက်တွေ မှာ ဗီနိုင်တွေ လိုက်ကပ်တဲ့အခါ ရပ်ကွက်လူကြီးတွေ ကနေ မကပ်နဲ့လို့လာ ပြောတာတွေရှိတယ်၊ စည်ပင်သာယာကနေ တားဆီးခံရတဲ့ ကိစ္စတွေ ကျနော်တို့နဲ့ တော်တော်လေး ပြဿနာ ဖြစ်ခဲ့ကြတယ် ၊ နောက်ပိုင်းတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ ဖုန်းဆက်ပြီး ပြောပြ ရတာပေါ့ ၊ မဲစာရင်းမှာ နာမည်မပါရင် ၊မပါဝင်သင့်တဲ့ သူတွေရဲ့ နာမည်ပါလာရင် ၊ ပြည်သူ တွေ အနေနဲ့ မဆောင်ရွက် နိုင်ဘူးဆိုရင် ကျနော်တို့အဖွဲ့ကို ဆက်သွယ်ဖို့ ဖုန်းနံ ပါတ်တွေပေးထား ပါတယ် " ဟု Justice Drum အဖွဲ့မှ ဥက္ကဌ ဦးအောင်ဇေ ကပြောသည် ။
ယင်းအဖွဲ့အနေနှင့် လက်ရှိ တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုံး၊ ညောင်ရွှေ ၊ ကလော စသည့် ၅ မြို့နယ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင် ပညာပေးခြင်း အခန်း ကဏ္ဍကိုသာ ဆောင်ရွက်သွားမည်ဖြစ်ပြီး စောင့်ကြည့်ရေး အပိုင်းတွင် အဖွဲ့ ပြန်ဖွဲ့ရန် ရှိကြောင်း ၊ ရှေ့လျှောက်လည်း မဲဆန္ဒရှင်ပညာပေးခြင်းဆိုင် ရာကိစ္စများတွင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ နှင့် ပူးပေါင်း ဆောင်ရွက် သွားရန် ရှိကြောင်း ၊ ၄င်းကဆက် လက်ရှင်း ပြသည် ။
တောင်ကြီးမြို့နယ်အတွင်း ပဏာမမဲစာရင်းအရ မဲပေးပိုင်ခွင့် ရှိသည့် လူဦးရေမှာ ကျား- ၁၁၇,၇၉၉ ၊ မ- ၁၂၇,၅၉၁ စုစုပေါင်း ၂၄၅,၃၉၀ ဦးခန့်ရှိသည်ဟု ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ထံမှသိရသည် ။
တောင်ကြီး ခရိုင် (၅)မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ(၃) မြို့ နယ်၊ ဓနုကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသ (၂) မြို့နယ် နှင့် လင်းခေးခရိုင် (၄) မြို့နယ် စသည်တို့တွင် သက်ဆိုင်ရာ မြို့နယ် ၊ ရပ်ကွက် ကျေးရွာ အလိုက် ဂျွန်လ(၈) ရက်နေ့မှ(၂၁) ရက်နေ့အထိ ပဏာမမဲစာရင်းများထုတ်ပြန်ကြေ ညာ မည်ဖြစ်သည်ဟု သိရပါသည် ။
Tags: News, politic