သို့- သျှမ်းသံတော်ဆင့်



သို့- သျှမ်းသံတော်ဆင့်

သဘာဝပါတ်ဝန်းကျင်ကို ချစ်မြတ်နိုးပါလို့ လူတိုင်းကပြောနေကြပေမယ့် တကယ်လက် တွေ့မှာ လုပ်ဆောင်ဖို့က အပြောလောက်မလွယ်ကြပါဘူး။



သျှမ်းပြည်အရှေ့ပိုင်း ဂုံတို့ဌာနေ သမိုင်းဝင်ခေမာရဌ် ကျိုင်းတုံမြေမှာ နာမည်ကြီး နောင်တုံ ကန်ထဲမှာ ဒီကနေ့  မြင်မကောင်းရှုမလှ ငါးတွေသေလို့ ကျိုင်းတုံရဲ့အလှတရား ပျက်စီးခဲ့ရ ပါတယ်။

ငါးတွေဘာကြောင့်သေတာလဲ။

ဒီတနှစ် နှစ်နှစ်ထဲမှာ ၂ ခါ ၃ ခါလောက်တော့ဖြစ်ခဲ့ဖူးပါတယ်။ ဂျူလိုင်လ ၂၁ ရက် ဒီတခါဖြစ်တာအများဆုံးပါ။ စံချိန်တင်လောက်ပါတယ်။ မနက်ကတည်းက ငါးတွေ စပြီးပေါလောပေါ်လာပါတယ်။ မသေသေးတဲ့ငါးတချို့လည်း လေရဖို့ ရေပြင်ပေါ်မှာ  နှာခေါင်းလေးတွေပြူလို့ အသက်ရှူကြပါတယ်။ သနားစရာ ကောင်းလွန်းလှပါတယ်။

မွန်းတည့်လဲရောက်ရော ရေပြင်ပေါ်မှာ ငါးသေတွေဖွေးနေတာဘဲ။ အနီးအနား ပတ်ဝန်း ကျင်တခုလုံးမှာလည်း နေလို့မရအောင်ပုပ်စော်နံသွားတယ်။ ကန်ဘေးက မုန့်ဆိုင်တွေ စားသောက်ဆိုင်တွေ ပိတ်လိုက်ရတဲ့အထိ ဖြစ်ရပါတယ်။

ကျနော် ဒီကန်ဘေးမှာ မွေးဖွားတဲ့သူပါ။ အသက် ၅၀ ကျော်ပါပြီ။ ကျနော့်သက်တမ်း တလျှောက်  တကြိမ်ဘဲ ကန်ဆေးတာ တွေ့ရပါတယ်။  ဒါကြောင့် ဒီနေ့ခေတ် ရာသီဥတု ဖောက်ပြန်မှုရယ်၊ ကန်ထဲကို အမှိုက်သရိုက် အညစ်အကြေးတွေ စည်းမဲ့ကမ်းမဲ့ ပစ်ချတာ ရယ်တွေကြောင့် ငါးတွေ အောက်ဆီဂျင်မရဘဲ သေကြတာဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။ နောက်တခုက နောင်တုံကန်ကြီး တိမ်လာတာလို့ ဆိုကြပါတယ်။ သန့်စင်ဆေးကြောမှု မရှိ တော့ ရွှံ့နွံတွေ ဘယ်လောက်တောင်မြင့်တက်လာမလဲ။ နောက်တခု  ခုတလော အပူချိန်လည်းအရမ်းမြင့်ပါတယ်။

ဒီငါးတွေကို ထုတ်ရောင်းဖို့ ပုဂ္ဂလိက လုပ်ငန်းတခုကို အစိုးရက ကန်ထရိုက်ပေးထားတာ။ ရွာသားတွေ ကိုလည်း ပေးမမျှားဘူးဘဲ။ ကလေးတွေတော့ ညည ကျရင် ငါးခိုးသွားမျှားကြတာတွေ့ရတယ်။

ဌာနေရဲ့ အလှဂုဏ်ဆောင်တဲ့ နောင်တုံကန်ကြီး ရေရှည်တည်တံ့ဖို့အတွက် ရေတွေကို သန့်ရှင်းရေးလုပ်ပြီး ရှင်းလင်းလဲလှယ်ပေးဖို့တော့ လိုအပ်တယ်လို့ကျနော်မြင်ပါတယ်။

ကျနော်တို့အထွဋ်အမြတ်ထားတဲ့ ဟော်နန်းကြီးလဲ ဖျက်ဆီးခံလိုက်ရပြီ။ အခုထပ်ပြီး အထင် ကရ နောင်တုံကန်ကိုလည်း မဆုံးရှုံးချင်တော့ပါဘူး။ မဟုတ်ရင် ကျိုင်းတုံပါလို့ လက်ညှိုး ထိုးပြစရာနေရာ ရှိတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် မဖြစ်သင့်တာ ကိုမဖြစ်လာ အောင် လုပ်သင့် တာ ကို လုပ်နိုင်ဖို့အတွက် ဝိုင်းဝန်းလက်တွဲ ထိန်းသိမ်းကြဖို့ တိုက်တွန်း လိုက်ပါ တယ်ခင်ဗျ။

ကျိုင်းတုံလူငယ်
အိုက်စိုင်းလင်း




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates