သျှမ်း/ မြောက် မူစယ်တွင် ရေကြီး



သျှမ်းပြည်မြောက်ပိုင်းမူစယ်မြို့နယ်တွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် ရွှေလီမြစ်ရေကြီးကာ ဟိုဆောင်ရပ်ကွက် ရေတက်နေကြောင်းသိရသည်။

မူစယ်ဘက်ခြမ်းတွင်တွေ့ရသော ရေကြီးမှု

ဟိုဆောင်ရပ်ကွက်မှာရေကြီးတာ။ လမ်းပေါ်မှာ ၂ ပေလောက်တက်တယ်။ ဒူးခေါင်း အထက်နား အထိပေါ့။ မိုးကြီးလို့ရေလျှံတာပါ။ ရေနုတ်မြောင်းရှင်းရင် အဆင်ပြေ သွားမှာပါ။ နေအိမ် ၂၀ ကျော်ရေမြုပ်ပါတယ်။ ရေက ချက်ချင်း မတက်လာလို့ တော်သေးတယ်။ - ဟု ဟိုဆောင်ရပ်ကွက်နေ စိုင်းအိုက်ကပြောသည်။

မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းမှုကြောင့် ယနေ့မနက်ပိုင်းက ရွှေလီမြစ် ရေကြီးကာ မူစယ်မြို့ ဟိုဆောင်ရပ်ကွက်နေအိမ်နှင့် လမ်းမကြီးပေါ်တွင် ရေ ၂ ပေခန့် လျှံ တက်လာခြင်းဖြစ်သည်။

ပန်းပျိုးပင်များ စိုက်ပျိုး ရောင်းချသော အိမ်များ ပျိုးပင်အားလုံး ပျက်စီးခဲ့ပြီး ဆုံးရှုံးမှု တော်တော် များသည် ဟုလည်း ဟိုဆောင်ရပ်ကွက်သူ အေဦးကလည်းပြောပါသည်။

ပြီးခဲ့တဲ့ ၃-၄ ရက်ကတည်းကမိုးသည်းနေတာ။ ဟိုဆောင်ရပ်ကွက်မှာဆိုရင် နယူးစတားလိုက် ကုမ္မဏီရှိတယ် လေ။ သူက မြေတွေဖို့ပြီးအမြင့်ပိုင်းမှာနေတယ်။ ပြီးတော့ သူ့ဘေးပတ်လည်က ရေနုတ်မြောင်းတွေက ပိတ်နေ တာ သူက ပြန်မရှင်း ပေးဘူး။ ဒါကြောင့် အနိမ့်ပိုင်းမှာရှိတဲ့ ရပ်ကွက်ထဲကိုရေတွေက စီးဝင်ကုန်တာ။ - ဟု အေဦး ကပြောသည်။

မူစယ်မြို့တဘက်ကမ်း တရုတ်ပြည် ဘက်ခြမ်းတွင် ဂျယ်ဂေါင် တွင်မူ မူစယ် ဘက်ခြမ်းထက် မြေနိမ့် သည်ဖြစ်ရာ ဗင်ကား ခေါင်မိုး အထိ ရေတက် ခဲ့ကြောင်း သိရသည်။

မူစယ်မြို့သည် လွန်ခဲ့သည့် ၁၀ နှစ်က ယခု ကဲ့သို့ ကြီးကြီး မားမား မြစ်ရေလျှံ ခြင်း မရှိ ခဲ့ဖူးကြောင်း၊ ယခု ၃ နှစ် အတွင်း ထူးခြားစွာ ရေလျှံမှု ဖြစ်ပွါး ခဲ့ခြင်း ဖြစ်ကြောင်း စိုင်းအိုက်က ပြောသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates