ပဲပုပ်ချပ်ထုပ် အတွင်း ဝှက်ထားသော ယာဘ များအား ထိုင်းရဲ ဖမ်းမိ
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် ပဲပုပ်ချပ်အထုပ်အတွင်း ၀ှက်ထားေ သာ ယာဘဆေးပြားများနှင့်တူ ယာဘအပြားပေါင်း ၄၀၀၀ ကျော် အား ငှားရမ်းနေ ထိုင်သူများ အခန်းတခုအတွင်း ထိုင်းရဲများက ဖမ်းဆီးရမိခဲ့ပါ သည်။
ဂျူလိုင်လ ၂၂ ရက်နေ့က ချင်းမိုင်ခရိုင် ၀ိန်းဟိုင်မြို့နယ်မှ အသက် ၃၀ အရွယ် ချွန်းတင်းအမည်ရ (လူမျိုးမသိ) ထိုင်းနိုင်ငံသားကတ်ကိုင်ဆောင်သူတဦးအား ၄င်းငှားရမ်းနေထိုင်သည့် ချင်းမိုင်မြို့တွင်း ဆီဖုမ်းရပ်ကွက် ရှိ အခန်းအတွင်း ထိုင်းရဲများက ၀င်ရောက်စစ်ဆေးခဲ့ရာ ယာဘ ဆေးပြား ၄၀၀၀ ကျော် ဖမ်းဆီးရမိခဲ့သည်။
အဆိုပါယာဘဆေးပြားများအား တနေရာနဲနဲစီ ၀ှက်ထားသည်ကိုတွေ့ရပြီး အပြားပေါင်း ၈၀၀ ခန့်ကို တထုတ်လျင် အလေးချိန် တကီလိုခန့်စီရှိ ပဲပုပ်ချပ်များကို အလယ်တွင် အပေါက်ဖောက်ကာ သွပ်ထည့်ထားကြောင်း ထိုင်း cm108 သတင်းတွင်ဖော်ပြထားသည်။
ယခုလက်ရှိ ချွန်းတင်းအား ချင်းမိုင်မြို့ ချန့်ဖိတ်ရဲစခန်းတွင် ထိန်းသိမ်းထားေ ကြာင်း လည်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။
Tags: Drug, News


