အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ဆွေးနွေးပွဲ ပြီးဆုံး အချက် ၃ ချက်ကျန်



သုံးရက်ကြာကျင်းပပြုလုပ်ခဲ့သည့် အစိုးရ၏ UPWC နှင့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များ၏ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ SD တို့၏ ဆွေးနွေးပွဲတွင် အားလုံးပါဝင်သည့် အပစ်ခတ်ရပ်စဲရေး ဖြစ်ပေါ်လာရေးအပါဝင် အချက် ၃ ချက်မှာ ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေခဲ့ပြီး ဆွေးနွေးမှုအား လာမည့် သြဂုတ်လ ပထမ အပတ်တွင် ဆက်လက်ကျင်းပရန် သဘောတူ ခဲ့ကြောင်း နှစ် ဘက်တာဝန်ရှိ သူများထံမှ သိရသည်။





ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာနတွင် ကျင်းပခဲ့သည့်ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ပြင်ဆင်လို နေသည့် အချက် ၁၃ ချက်အား ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး အချက် ၁၀ ချက်မှာ ပြင်ဆင် ဖြည့်စွက်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

အားလုံးပါဝင်တဲ့ အပစ်ခတ်ရပ်စဲရေး ဖြစ်ဖို့မှာ သူတို့ လက်ကိုင်ထားတဲ့ အဖွဲ့နဲ့ ကျနော်တို့ NCCT နဲ့ SDမျာပါတဲ့ အဖွဲ့ ပြန်ယှဉ်လိုက်ရင် NCCT ၁၁ ဖွဲ့ကိုပဲ သူတို့က လက်ခံနေတဲ့သဘောဖြစ်နေ သေးတယ်။ နှစ်ဘက်စလုံးကတော့ စာချုပ် လက်မှတ် ထိုးနိုင်ရေး အတတ်နိုင်ဆုံးညှိနှိုင်းသွားဦးမှာပါ - ဟု တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များဘက်မှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဒုတိယ ခေါင်းဆောင် ပူးလ်ဇင်ကျူံးက ပြောသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု လက်မှတ်ရေးထိုးရာတွင် ပါဝင်ရမည့် အဖွဲ့ များ နှင့် ပတ်သက်၍ အစိုးရ ဘက်မှ NCCT နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲ မှု ဗဟိုညှိနှိုင်းမှု အဖွဲ့တွင်ပါဝင်သည့် လက်နက် ကိုင်အဖွဲ့ ၁၁ ဖွဲ့နှင့် ပါဝင်ခြင်း မရှိ သည့် ၀ UWSA ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ၊ NSCN (k) နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ ၊ မိုင်းလားအဖွဲ့နှင့် ABSDF ကျောင်သားအဖွဲ့တို့ကိုသာ ဆွေးနွေးဘက်အဖြစ် သတ်မှတ်ထား သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်မှာမူ တအာင်းပလောင် ၊ ကိုးကန့် ၊ ရခိုင် AA စသည့်အဖွဲ့များအပါဝင် ကျန်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် WNO ၊ လားဟူ LDU ၊ ရခိုင်အမျိုးသား ကောင်စီ စသည့် အဖွဲ့များကိုပါ ပါဝင် လက်မှတ် ရေးထိုး နေစေလိုသည်ဟု သိရသည်။

ယင်းအပြင် အသိသက်သေ ကိစ္စ မှာ ကျန်နေဆဲဖြစ်ပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စတွင် လုံခြုံရေးဆိုင်ရာ ပေါင်းစည်းရေး၊ လုံခြုံရေး ကဏ်ဏ္ဍပြုပြင်ပြောင်းလဲေ ရး နှင့် လက်နက်ကိုင်တပ်ဖွဲ့များ ဖျက်သိမ်းရေး DDR /SSR တို့ကို ထည့်သွင်း မည် မထည့်သွင်းမည်ဟု သဘောတူညီနိုင်ခြင်း မရှိသေးပဲ နှစ်ဘက် ထိပ်တန်း ခေါင်းဆောင် များထံ ပြန်လည်တင်ပြပြီးမှ သဘောဆန္ဒရ ယူသွားမည် ဖြစ်ကြောင်းလည်း သိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates