ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် အင်အားကြီးမား ဗုံးပေါက်ကွဲ လူ ၁၈ ဦးထက် မနည်းသေဆုံး
ဩဂတ်စ်လ ၁၇ ရက် ည ၇ နာရီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လယ်ခေါင် ရတ်ချပရဆုံ လမ်းဆုံတွင် အင်အားကြီးမားသော ဗုံးပေါက်ကွဲ မှုကြောင့် လူ ၁၈ ဦး ပွဲချင်းပြီး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာအပြင်း အထန်ရရှိကာ ကျုလားလုံးကွန်း ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေကြောင်း ထိုင်းအစိုးရပိုင် ရုပ်မြင်သံကြားတွင် ထုတ်ပြန်ကြေငြာသည်။
ပွဲချင်းပြီး သေဆုံးသူများ နှင့် ဒဏ်ရာရရှိ သူများမှာ နိုင်ငံခြားသား ခရီးသွားများနှင့် ထိုင်းနိုင်ငံသား များဖြစ်ကြောင်း အများစုမှာ တရုတ်နိုင်ငံသားများ ဖြစ်ကြောင်း ထိုင်းသတင်း ဌာနများက ဖော်ပြသည်။
အဆိုပါ ဗုံးဖောက်ခွဲမှု လက်သည်ကို မသိရသေးကြောင်း ၊ လမ်းဆုံ အနီးတဝိုက်ရှိ စီစီတီဝီကင်မရာများမှ အာဏာပိုင်များ စစ်ဆေးနေဆဲ ဖြစ်ကြောင်း ဆိုပါသည်။
ဗုံးပေါက်ကွဲပြီး နောက်ပိုင်း အဆိုပါ လမ်းဆုံအား ဖြတ်သန်း သွားလာခွင့် ပိတ်ထားပြီး အနီးတဝိုက်ရှိ စာသင်ကျောင်းများကိုလည်း ခေတ္တပိတ်ထားသည်ဟု တရားဝင် ကြေငြာထားပါသည်။
ယနေ့ည ပေါက်ကွဲသောဗုံးမှာ ဘန်ကောက်မြို့အတွင်း ပေါက်ကွဲခဲ့ဖူးသော ဗုံးများအနက် အင်အား အကြီးမားဆုံး ဗုံးဟု ဆိုနိုင်ကြောင်းလည်း ဆိုပါသည်။
Tags: Crime, News





