တစည ပါတီ မှ သျှမ်းပြည်အတွင်း ၃၆ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်
လာမည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တ.စ.ည) ပါတီ အနေနှင့် သျှမ်းပြည်တွင်း (၁၅) မြို့နယ် ကိုယ်စားလှယ်လောင်း ၃၆ ရောက် ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဟု သိရသည်။
၂၀၁၅ နိုဝင်ဘာ ၈ ရက် နေ့တွင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီအနေဖြင့် လွှတ်တော် ၃ ရပ်လုံးတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် အပြင် ကချင်နှင့် ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီး နေရာအပါအဝင် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ရ၀၀ ကျော် အနက် သျှမ်းပြည်နယ် အတွင်း မြို့နယ် ၁၅ ခု ကိုယ်စားလှယ်လောင်း ၃၆ နေရာ ၀င်ရောက်ယှဉ် ပြိုင်သွားမည်ဖြစ်သည်ဟု သိရသည်။
"သျှမ်းပြည်အတွင်းမှာ ကျနော်တို့ပါတီအနေနဲ့ အမျိုးသမီးကိုယ်စား လှယ်လောင်း ၆ ဦးပါဝင်မယ် ၊ ကိုယ်စားလှယ်လောင်းတွေ ရွေးတဲ့နေရာမှာ အသက် ၃၀ ကနေ ၅၉ နှစ်ကြား ရှိတဲ့ ပုဂ္ဂိုလ်တွေပေါ့၊ ပြည်သူ့အကျိုး ကို သယ်ပိုးတဲ့ ပါတီဝင်တွေ ကိုရွေးချယ်ထားပါတယ် " ဟု တစည ပါတီ ၏ သျှမ်းပြည်နယ် ပါတီဥက္ကဌ ဦးမျိုးမြင့်နောင် ကပြောသည်။
သျှမ်းပြည် (တောင်ပိုင်း) တွင်တောင်နီ ၊ ရပ်စောက် ၊ ပင်းတယ ၊ နမ့်စန် မြို့နယ် ၊ သျှမ်းပြည်နယ် (မြောက်ပိုင်း) တွင်လားရှိုး ၊ နောင်ချို ၊ မိုးမိတ်၊ မဘိမ်း မြို့နယ်နှင့် သျှမ်းပြည် (အရှေ့ပိုင်း) တွင် ကျိုင်းတုံ ၊ တာချီလိတ် ၊ မိုင်းဖြတ် ၊ မိုင်းယောင်း ၊ မိုင်းခတ် ၊ မိုင်းဆတ် ၊ မိုင်းပျဉ်း စသည့် မြို့နယ်တို့ တွင်ကိုယ် စားလှယ်ပေါင်း (၃၆) ဦးခန့် ၀င်ရောက်ယှဉ်ပြိုင် မည်ဟု၎င်းထံမှ ဆက်လက် သိရသည် ။
တောင်ကြီးမြို့နယ် အနေနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) နေရာတွင် ၀င်ရောင်ယှဉ်ပြိုင် မည်ဖြစ် သည့် ဒေါ်ခင်လေးမြင့် မှလည်း - " ကျမ တို့ပါတီအနိုင်ရမယ် လို့ယုံကြည်လို့ကို ရွေးကောက်ပွဲဝင်ပြိုင် တာဖြစ် တယ် ၊ ပါတီက ချမှတ်ထားတဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်း ပါအချက် ၂၁ ချက်နဲ့ပဲ ရှေ့ဆက်သွားမှာ ဖြစ်ပါ တယ်" - ဟုပြောသည် ။
ဗိုလ်ချုပ်နေဝင်း ဦးဆောင် တည်ထောင်သည့် တ.စ.ည ပါတီကို စပါးနှံပါတီဟု လူသိများပါသည်။ အဆိုပါ ပါတီသည် တစ်ပြည်လုံး အတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၃၀၀ ကျော် ၊ ကိုယ်စားလှယ်ပေါင်း ရ၄၉ ဦး ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်ဟု ဆိုသည်။
Tags: News, politic


