၂၀၁၅ ရွေးကောက်ပွဲ နမ့်ခမ်း မြို့မှ လွှတ်တော် အမတ်လောင်း ၂၁ ဦး ၀င်ရောက် ယှဉ်ပြိုင်မည်
သျှမ်းမြောက် နမ့်ခမ်း မြို့နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲ အတွက် လွတ်တော် အမတ်လောင်း ၂၁ ဦး ဝင်ရောက် ရွေးချယ်မည် ဖြစ်ကြောင်း သျှမ်းသံတော်ဆင့် မှ သတင်း ရရှိသည်။
“အမျိုးသား လွှတ်တော် ၆ ဦး ၊ ပြည်သူ့ လွှတ်တော် ၅ ဦး ၊ အမှတ် ၁-၂ မဲဆန္ဒနယ် သျှမ်းပြည်နယ် လွှတ်တော် နေရာအတွက် ၁၀ ဦး စုစုပေါင်း လွှတ်တော် အမတ် ၂၁ ဦး ရှိကြတယ်” ဟု နမ့်ခမ်းမြို့နယ် ကျားဖြူ ပါတီ SNDP အတွင်းရေးမှူး စိုင်းထွန်းလှ က ပြောသည်။
အမျိုးသား လွှတ်တော် နေရာမှာ ဒေါက်တာ စိုင်းကျော်အုန်း SNDP ၊ နန်းထွေးမှုံ SNLD ၊ ဦးညီစိန် တအာင်း အမျိုးသား ပါတီ ၊ စိုင်းဆာလူ USDP ၊ ဒေါ်စန်းစန်းမော် NLD ၊ ဦးခွန်ထူး တသီးပုဂ္ဂလ ၊ ပြည်သူ့ လွှတ်တော် နေရာ၌ စိုင်းတင်ဦး SNDP ၊ နန်းမွေခမ်း SNLD ၊ ဦးထွန်းကျော် တအာင်း အမျိုးသား ပါတီ ၊ မိုင်းထွန်းအောင် USDP ၊ နန်းမဌေး NLD တို့ဖြစ်ကြောင်း ၄င်းက ဆိုသည်။
သျှမ်းပြည်နယ် လွှတ်တော် နေရာ အတွက်၌ SNDP ပါတီမှ စိုင်းစောလှ နှင့် စိုင်းလိန်မောဝ် ၊ SNLD ပါတီမှ စိုင်းသန်းစိန် နှင့် စိုင်းအိုက်ဝင်း ၊ တအာင်း အမျိုးသား ပါတီမှ ဦးအောင်ဝင်း နှင့် ဦးအေးမောင် ၊ ကြံ့ခိုင်ရေး ပါတီ USDP မှ မိုင်းလှအောင် နှင့် ဦးဉာဏ်လင်းဦး ၊ NLD ပါတီမှ စိုင်းဆိုင်ဝမ်း နှင့် မိုင်းငိုအောင်မြင့် အသီးသီး တို့ဖြစ်ကြ ကြောင်း နမ့်ခမ်းမြို့နယ် မဲကော်မရှင် အဖွဲ့ ထံမှသိရသည်။
ယခု အချိန်တွင် နမ့်ခမ်းမြို့မှ နိုင်ငံရေး ပါတီများက ၄င်းမြို့နယ် အတွင်း၌ အောင်နိုင်ရေး အသင်းများ ဖွဲ့စည်းပြီး တစ်ရွာဝင် တစ်ရွာထွက် ပါတီ စည်းရုံးရေး လုပ်ငန်းများ ဟောပြော မဲဆွယ် နေသည်ဟု ဒေသခံများ ထံမှသိရှိ ရသည်။
Tags: News, politic


