ဆိုင်ကယ်စီး ထိုင်းမောင်နှမ မိုးကြိုး ပစ်ခံရ အစ်မဖြစ်သူ ပွဲခြင်းပြီး သေဆုံး



ထိုင်းနိုင်ငံ ပထုမ်ဌာနီခရိုင်အတွင်း ဩဂတ်စ်လ ၃ ရက်နေ့ နေ့ခင်းပိုင်းက ဆိုင်ကယ် အတူ စီးနင်းသည့် မောင်နှမ ၂ ဦးနှင့် ကလေးငယ် ၁ ဦးအား မိုးကြိုးပစ်ရာ အစ်မ ဖြစ်သူမှာသေ ဆုံးပြီးကျန် ၂ ဦး ဒဏ်ရာအနည်း အကျဉ်းသာ ရရှိသွားကြောင်း ထိုင်း သတင်းဌာန တွင်ဖော်ပြ ထားသည်။

 မောင်နှမ ၂ ဦးနှင့် တူလေးတဦးအား မိုးကြိုးပစ်သည့်နေရာ (ထိုင်း တီဝီသတင်းမှ)

နေ့ခင်းပိုင်း မိုးသည်းထန်စွာ ရွာသွန်း သဖြင့် မြို့တွင်းလမ်း ကားကျပ် သည်ဟုဆိုကာ လယ် ကွင်းဖြတ် လမ်းအတိုင်း ဆိုင်ကယ် စီးနင်းလာသော မောင်နှမ နှစ်ဦးနှင့် တူငယ်လေးအား မိုးကြိုး ပစ်ရာ အနောက်မှ စီးနင်း လိုက်ပါသူ အမဖြစ်သူအား ထိမိ သေဆုံးပြီး ဆိုင်ကယ်မောင်း သည့် မောင်ဖြစ် သူနှင့် တူလေးမှာ ဆိုင်ကယ် လဲကျ မှုကြောင့် ဒဏ်ရာ အနည်းငယ်သာ ရရှိ ခဲ့ပါသည်။

ထိုင်းနိုင်ငံ ကျူးလား လုံးကွန်း တက္ကသိုလ်က  သိပ္ပံဌာန  လက်ထောက် ပါမောက္ခကမူ အမ ဖြစ်သူတွင် လျှပ်စစ် ဓါတ်အား ဆွဲယူနိုင်သော ပစ္စည်း တခုခု ပါရှိနိုင်ဖွယ် ရှိသောကြာင့် မိုးကြိုး ပစ်ခံရ တာဖြစ်ကြောင်း ပြောဆိုသည်။

မောင်ဖြစ်သူကမူ ၎င်း၏ အမတွင် ရွှေဆွဲကြိုး လက်ကောက် လက်စွပ် များပင် မဝတ်ထား ကြောင်း၊ သို့သော် ဆိုင်ကယ် ထိုင်ခုံအောက် ပစ္စည်း ထားသည့်နေရာ (၎င်း အမ ဖြစ်သူထိုင် သည့် အောက်တည့်တည့်) တွင် စက် မပိတ်ရသော လက်ကိုင်ဖုန်း ၃ လုံး ထားရှိကြောင်း ထိုင်း သတင်းထောက် များအား ပြောပြသည်။

မောင်ဖြစ်သူက ဆက်လက်၍ - မိုးကြိုး ပစ်ချိန်တွင် ၎င်းတို့ ဆိုင်ကယ် နောက်အား ကားတစီး ဝင် တိုက်သကဲ့သို့ ဖြစ်သွားပြီး အမ ဖြစ်သူမှာ ဆိုင်ကယ်မှ လွင့်ကျ သွားရာ မှောက်လျက် အနေ အထားဖြင့် ပါးစပ်မှ သွေးထွက်ပြီး ပွဲချင်းပြီး သေဆုံးကြောင်း၊ နောက်ကျောမှ အဝတ် အစားများ မီးလောင်ထားသကဲ့သို့ စုတ်ပြတ်ကြောင်း ဆိုင်ကယ် ထိုင်ခုံရှိ ဆိုဖာပြားသည် လည်း ပေါက်ထွက် နေကြောင်း ဆိုင်ကယ်မှာမူ မီးလောင် ကျွမ်းခြင်း မရှိကြောင်း၊ မောင်ဖြစ် သူမှာလည်း ပွန်းပဲ့ဒဏ်ရာ အနည်း အကျဉ်းသာ ရရှိကြောင်း သတင်းထောက်များအား ဆက်လက်ရှင်းပြခဲ့ပါသည်။

မိုးကြိုးပစ် ခံရသူ မိန်းခလေးမှာ အသက် ၂၄ နှစ်သာ ရှိသည်ဟုဆိုပါသည်။

ထို့ကြောင့် မိုးရွာနေစဉ်အတွင်း မိုးကြိုးပစ် စေရန် အလားအလာ အများဆုံး ဖြစ်စေနိုင်သည့် လက်ကိုင်ဖုန်း ပြောဆိုခြင်း မပြုရန်နှင့် ဖြစ်နိုင်ပါက စက်များပင် ပိတ်ထားရန် လည်း ဩဂတ်စ်လ ၃ ရက်နေ့ ညပိုင်းက ထိုင်းအစိုးရ၏ ရုပ်မြင်သံကြားသတင်းတွင် တိုက်တွန်းဖော်ပြခဲ့ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates