လုံခြုံရေး အရ အကူအညီ ပေးနိုင်ရေး ပြိုင်ပွဲ ဝင်မည့် အမတ်လောင်းများ ဆက်သွယ် ကြရန် RCSS/SSA ပြော



၂၀၁၅ ရွေးကောက်ပွဲတွင် RCSS/SSA ထိန်းချုပ် နယ်မြေ အတွင်း ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ အနေဖြင့် လုံခြုံရေးအရ အကူအညီ ပေးနိုင်ရေး အတွက် RCSS ထံဆက်သွယ် ကြရန် ဩဂတ်စ် ၄ ရက်နေ့က  ကြေငြာချက် တစောင် ထုတ်ပြန် တိုက်တွန်း ထားပါသည်။



၂၀၁၅ နိုဝင်ဘာ ၈ နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် RCSS/SSA အနေဖြင့် ဆန့်ကျင် ကန့်ကွက်မည် မဟုတ်၊ သို့သော် ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက် မဲဆွယ်စည်းရုံးယှဉ်ပြိုင်အရွေးခံမည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ၊ ပါတီ အသီး သီးမှ ကိုယ်စားလှယ်လောင်းများ လုံခြုံရေးအရ အကူအညီ ပေးနိုင်ရန် RCSS/SSA ထံ ဆက် သွယ်ကြရန် တိုက်တွန်းထားသည်။

ထုတ်ပြန်ကြေငြာချက်နှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ထံမှ မှတ်ချက်ရယူရန် ဆက်သွယ် မေးမြန်း သော်လည်း အလျဉ်းမသင့်ခဲ့ပေ။ သို့သော် -

RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က လာမည့်ရွေးကောက်ပွဲတွင် မည်သည့် ပါတီ ဘက် ရပ်တည်မည် မဟုတ်ကြောင်း၊  ဖိနှိပ် ခြိမ်းခြောက်ပြီး မဲပေးခိုင်းတာမျိုး လည်း မရှိသင့်ကြောင်း၊ ပြည်သူလူထုက မိမိနှစ်သက်သည့်ပါတီကို မိမိကိုယ်တိုင် ရွေးချယ် ပိုင်ခွင့်၊ မဲပေးပိုင်ခွင့် ရှိရမည်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောဖူးသည်။

ထုတ်ပြန်ကြေငြာချက်တွင် သျှမ်းပြည်တပ်မတော် RCSS/SSA အနေဖြင့် တနိုင်ငံလုံး အပစ် ခတ်ရပ်စဲရေး NCA အားထောက်ခံကြိုဆိုကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ် အဆင့်ဆင့်တွင် လည်း နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် တရပ်ကို ရွေးကောက်ပွဲ အကြိုကာလတွင် အတည်ပြုနိုင်ရန် ကြိုးပမ်း ညှိနှိုင်း ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ နိုင်ငံတော် အစိုးရနှင့် ပဏာမအဆင့် သဘောတူညီချက် ၃၁ ချက် နှင့် တရားမဝင် မူးယစ်ဆေးဝါးများ ကာကွယ်တိုက်ဖျက်ရန် နိုင်ငံတော် အစိုးရနှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည် စသဖြင့် ပါရှိသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates