ပြည်နယ်အဆင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲဖြစ်မြောက်ရေး မျိုးဆက်သစ်(သျှမ်းပြည်) အဖွဲ့ ချင်းမိုင်မြို့ ပြည်ထောင်စု အင်စတီကျုရုံး၌ ရှင်းလင်းချပြ



ပြည်နယ်အခြေပြု နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ‘ သျှမ်းပြည်နယ် - ပြည်နယ်အဆင့်နိုင်ငံရေး တွေ့ဆုံဆွေးပွဲ နှင့် လူထုဘုံ စုဆုံရပ်ဆိုင်ရာ မူဘောင်ထွက်ပေါ်လာ နိုင်ရေးအတွက် မျိုးဆက်သစ် (သျှမ်းပြည်) မှ မူဘောင် မူကြမ်းတရပ်ရေးဆွဲကာ ချင်းမိုင်မြို့ အခြေစိုက် ပြည်ထောင်စု အင်စတီကျုရုံး၌ သုံးရပ်ကြာ ချပြ ရှင်းပြ မည်ဖြစ်သည် ။


သျှမ်းပြည်နယ် - ပြည်နယ်အဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး မူဘောင် မူကြမ်းအား ၂၀၁၅ စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၁ ရက်နေ့ အထိ သုံးရက်ကြာ ချပြ ရှင်းပြ အကြံ အဉာဏ်ကောင်း ရယူပြင်ဆင်နိုင်ရေးအတွက် မျိုးဆက်သစ်(သျှမ်းပြည်) ကိုယ်စားလှယ်များ ဖြစ်ကြ သည့် ကိုညီညီမိုး ၊ စိုင်းစိုင်းငင်း တို့အဖွဲ့ ၅ ဦး မှ ဦးဆောင် ရှင်းပြ၏ ။


ပထမ ရက်တွင် သျှမ်းပြည်တပ်မတော် RCSS/SSA ငြိမ်းချမ်းရေး ကိုယ်စားလှယ်ခေါင်းဆောင် ဗိုလ်မှူးချုပ်ပေါင်ခေး နှင့်အဖွဲ့ ၊ သျှမ်းပြည်ညီညွှတ်ရေး ကော်မတီ CSSU အထွေထွေ အတွင်းရေးမှူးကြီး စဝ်ပင်ခမ်းနှင့်အဖွဲ့ တို့ တက်ရောက်ကြသည် ။


“ အဓိက ကတော့ တိုင်းရင်းသားပြည်သူတရပ်လုံး ယုံကြလက်ခံတဲ့ ဖက်ဒရယ်ပြည် ထောင်စု ပေါ်ပေါက်ဖို့ ၊ ထာဝရတည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်ဖို့ ၊ ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ တွေကို တရားဥပဒေနဲ့ အညီ မျှတစွာ ဖြေရှင်းနိုင်ဖို့ ၊ ပြည်နယ်ဖွံ့ဖြိုး တိုး တက်ရေးဆောင်ရွက်ရာမှာ အထောက်အကူပြုဖို့ ၊  ပြည်သူ့ဘ၀လုံခြုံရေးအတွက် တရား ဥပဒေ စိုးမိုး မှုအားကောင်းစေဖို့ ၊ အသွင်ကူးပြောင်းရေးကာလ နှင့် အမျိုးသား ပြည်လည် သင့်မြတ် ရေး ကိစ္စရပ်မှာ အထောက်အကူပြုစေဖို့ - ဒီမူဘောင်ရေးဆွဲရတာ ဖြစ်တယ် ” လို့ စိုင်းစိုင်းငင်းက ရှင်းပြပါသည်။


သျှမ်းပြည်နယ် - ပြည်နယ်အဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး မူဘောင် မူကြမ်းတွင် နိုင်ငံ ရေးဆိုင်ရာကိစ္စ ၊ စီးပွားရေးဆိုင်ရာကိစ္စ ၊ မြေယာပိုင်ဆိုင်မှု ဆိုင်ရာကိစ္စ ၊ လူမူအရေး ၊ သဘာဝ ပတ်ဝန်းကျင်အရေး ၊ မူးယစ်ဆေးဝါး က အစ ပညာရေး ၊ ကျန်းမာရေး စသဖြင့် အခန်းကြီး ၁၁ ခန်း နှင့်အတူ အပိုဒ်ငယ် ပေါင်းမြောက်များစွာ ပါရှိသည် ။


အဆိုပါ ပြည်နယ်အဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဆိုင်ရာ ပြည်နယ်အစိုးရ ၊ လက်နက်ကိုင် တပ်ဖွဲ့ ၊ နိုင်ငံရေးပါတီ ၊ ပညာရှင် နှင့် အရပ်ဘက်လူမှုအဖွဲ့နှင့် တိုင်းရင်းသားကိုယ်စားလှယ် အချိုးကျ ပါဝင် နိုင်ရေး တွေ့ဆုံဆွေးနွေးရေး ပုံစံ ဒီဇိုင်းအားလည်း ချပြ ရှင်းပြသွားသည် ။


ပြည်နယ်အဆင့် နိုင်ငံရေးတွေ့ဆုံဆွေးပွဲ (Formally mandate state-based dialogue) မူဘောင် မူကြမ်းအား ပြည်နယ်အဆင့်မှ ပြည်ထောင်စုအဆင့်သို့ တွေ့ဆုံဆွေးနိုင်ရန် ပြည်ထောင်စုအဆင့် မူဘောင်ညှိနှိုင်းရေး ဆွေးပွဲသို့ အဆိုပြု ပေးပို့သွားမည်ဟုလည်း ပြောကြားသွားကြ ပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates