ဝ/ မိုင်းလားနယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကော်မရှင် ဥက္ကဌနှင့် ဆွေးနွေး



ရွေးကောက်ပွဲ လက်ခံကျင်းပမည် မဟုတ်ဟု ကြေငြာထားသည့် ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့် တိုင်းနှင့်မိုင်းလား ဒေသတို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးနှင့် ၀ ၊ မိုင်းလား တာဝန်ရှိသူများ စက်တင်ဘာလ ၂၉ ရက်နေ့က ကျိုင်းတုံမြို့ တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည် ။


ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် မိုင်းလားဘက်မှ လက်ခံကျင်းပမည် မဟုတ်ကြောင်း အကြောင်းတပါ တည်း အကြောင်းပြန်ကြားခဲ့သည်ဟု မိုင်းလားဒေသအား အုပ်ချုပ်နေသည့် NDAA မိုင်းလား အဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဦးကြည်မြင့်က ပြောသည် ။


''သူတို့ဘက်ကတော့ မိုင်းလားနယ်ထဲ ကျင်းပချင်တယ် ။ တကယ်လို့ မြို့ပေါ် မရ ရင်လည်း အစပ်နားက တိုက်နယ် ရွာတွေနားအထိ မဲပုံးလာထောင်ချင် တယ်လို့ ပြောတယ် ။ ကျနော်တို့သဘော ထားက တော့ အရင်တုန်းက အတိုင်းပါပဲ ။ ကျင်းပဖို့ကလည်း မသင့်တော်သေးဘူးလေ ဒါကြောင့် မဖြစ်နိုင် ဘူးလို့ ပဲ ကျနော်တို့ဘက်က ပြောလိုက်တယ် '' ဟု မိုင်းလား အဖွဲ့မှ ဦးကြည်မြင့်က ပြောသည် ။


ကျိုင်းတုံမြို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသို့ ၀ တပ်ဖွဲ့ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ပြီး UWSA ၀ တပ်ဖွဲ့အနေဖြင့်မူ အထက်သို့ ပြန်လည် တင်ပြပြီးမှ အကြောင်းပြန်နိုင်မည်ဟု ကော်မရှင် ဥက္ကဌအား ပြောဆိုခဲ့ကြောင်း ပါတီ၏ ဗဟိုကော်မတီဝင် ဦးအောင်မြင့်က ပြောသည် ။


''ကျနော် တို့က ခုမှ ပန်ဆန်းပြန်ရောက်တာ အထက်ကို မတင်ပြရသေး ဘူးလေ မနေ့က သွားတာ ကလည်း ကျနော်နဲ့ နောက်တယောက်နဲ့ ဆိုတော့ ပြန်တင်ပြရဦးမှာ'' ဟု စက်တင်ဘာလ ၂၉ ရက်နေ့ နေ့လည်ပိုင်း တွင် ပြောသည် ။


ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တိုင်းအတွင်းမှ ပန်ဆန်း ၊ ဟိုပန် ၊ ပန်ဝိုင် ၊ မိုင်းမော စသည့် မြို့များနှင့် မိုင်းလား ဒေသတို့တွင် ရွေးကောက်ပွဲ လက်ခံကျင်းပမည် မဟုတ်ကြောင်း ဒေသအုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့စည်း များက ယခင်ကတည်း က ကြေငြာခဲ့ပြီး ဖြစ်သည် ။ မိုင်းလားဒေသတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သတ် မှတ်ချက်အရ မိုင်းလား တမြို့ထဲရှိနေသော်လည်း ဆီလူး ၊ မိုင်းမ နှင့် မိုင်းလား ဟူ၍ မိုင်းလားအဖွဲ့က မြို့ ၃ မြို့ သတ်မှတ်ထားပြီး ယင်း ၃မြို့အား ပူးပေါင်း၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် အစိုးရထံ မိုင်းလား NDAA တာဝန်ရှိသူများက တောင်းဆိုထားသည် ။ ၀ ဒေသကို အုပ်ချုပ်နေသည့် ၀ ပြည်သွေး စည်းညီညွတ်ရေးပါတီ UWSP ကမူ ၀ တိုင်းရင်းသားများ နေ ထိုင်သည့် ဒေသများကို စုပေါင်းပြီး ၀ ပြည်နယ်အဖြစ် သတ်မှတ်ပေး ရန် တောင်းဆိုထားသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates