ဥဇပေကစ္စတန်နိုင်ငံတွင် အာရှတံခွန်စိုက် ကာယဗလနှင့် ကာယကြံ့ ခိုင်မှုမယ်ပြိုင်ပွဲဝင်ရန် သျှမ်းမောင်မယ် ၂ ဦးပါဝင်သည့် မြန်မာနိုင်ငံ ကိုယ်စားလှယ် ၅ ဦး ရန်ကုန်မှထွက်ခွါ



ဥဇပေကစ္စတန်နိုင်ငံ ၂၀၁၅ ခုနှစ် ၄၉ ကြိမ်မြောက် အာရှတံခွန်စိုက် ကာယဗလနှင့် ကာယ ကြံ့ ခိုင်မှုမယ်ပြိုင်ပွဲ သို့ ပြိုင်ပွဲဝင်ရန် သျှမ်းမောင်မယ် ၂ ဦးပါဝင်သည့် မြန်မာနိုင်ငံမှ အားကစားသမား ကိုယ်စားလှယ်မောင်မယ် ၅ ဦး ယနေ့မနက်ပိုင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွါပြီ ဖြစ်ကြောင်း သိရသည် ။


ဥဇဘတ်ကစ်စတန် နိုင်ငံတွင် ပြိုင်ပွဲကို 29-9-2015 မှ 5-10-2012 အထိ ပြိုင်ပွဲ ကျင်းပမည်ဖြစ် ကြောင်း သိရသည် ။


ဥဇပေကစ္စတန်နိုင်ငံတွင် သွားရောက် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ကာယ ဗလအဖွဲ့ချုပ်မှ ပြန်လည် ရွေး ချယ်ထားသော အားကစား သမား ၅ ဦးမှာ ၁ - ထွန်းမင်း (၆၀ ကီလို) ၂ - စိုင်းချစ်ငွေ (၆၅ ကီလို) ၃ - ညီဖြူ (၇၀ ကီလို) ၄ - နန်းလောဝ်ခမ်း (၁၆၅ စင်တီမီတာအောက်) ၅ - ချယ်ရီမောင်    (၁၆၅ စင်တီမီတာအောက်) တို့ ဖြစ်သည်ဟု သိရပါသည် ။


မိုင်းကုတ်သား စိုင်းဟင်ပေါင်း (ခေါ်) စိုင်းချစ်ငွေ သည် ရွှေမန်းမောင်ဆုကို ၂၀၀၂ နှင့်  ၂၀၁၁မှ ၂၀၁၅ အထိ ဆက်တိုက်ပထမဆွတ်ခူး ရရှိခဲ့သည် ။


မန္တလေးမြို့နေ မူစယ်ဇာတိ နန်းလောင်ဝ်ခမ်းမှာမူ အမျိုးသမီးကာယကြံ့ခိုင်မှုဆုများကို ၂၀၁၃ ခုနှစ် ကတည်းက ဆွတ်ခူးရရှိလာခဲ့သူ ဖြစ်ပါသည် ။ လွန်ခဲ့သည့် အောက်တိုဘာ လက ကျင်းပခဲ့ သော မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ကာယဗလပြိုင်ပွဲနှင့် မန္တလေး တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကဖလား ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် (၅ ပေ ၃ လက်မအောက်) ပထမဆု ဆွတ်ခူးရရှိထားသူ ဖြစ်ပါသည် ။






 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates