ကျားဖြူ ပါတီ ကိုယ်စား လှယ်လောင်း ၂ ဦး စာရင်းမှ ပယ်ချခံရ



ကျားဖြူ ပါတီခေါ် သျှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်း နှစ်ဦးမှာ အသက် မပြည့်သေး ဟုဆိုကာ ရွေးကောက်ပွဲ ကော်မရှင်က  ပယ်ချခဲ့ကြောင်း SNDP အထွေထွေ အတွင်းရေးမှူး စိုင်းလှကျော်က ပြောသည် ။


“ ကိုယ်စားလှယ် လောင်းတွေဟာ အသက် ၃၀ ပြည့်တဲ့ သူတွေ ဖြစ်ရမယ် ဆိုတော့ ဒီ ကိုယ်စားလှယ် လောင်းတွေက ရွေးကောက်ပွဲ မကျင်းပ မှီမှာ သူတို့ အသက် ၃၀ ပြည့်မယ် ။ ကျနော် တို့က အဲလို ချိန်ပြီး ထည့်လိုက်တာ အခု ပယ်ချခံရတယ် ပြည်နယ် အဆင့် ဆက်တက် နေတယ်ဆိုပေမဲ့ ဒီကနေ့ အထိဘာမှ မသိရ သေးတော့ ဒီအတိုင်း အတည် ဖြစ်သွားပြီ ထင်တယ် ”- ဟု စိုင်းလှကျော်က စက်တင်ဘာလ ၁ ရက်နေ့တွင် ပြောသည် ။


အဆိုပါ ကိုယ်စားလှယ် များမှာ ဆီဆိုင်မြို့နယ် နှင့် ပင်လောင်းမြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒ နယ်များမှ ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ ဖြစ်ပြီး လက်ရှိ ကိုယ်စားလှယ် လောင်း စီစစ်ချိန်တွင်  အသက် ၃၀ မပြည့်သေးဟု ဆိုပါသည် ။


“ ကော်မရှင်က ထုတ်ပြန် ထားတာက ကိုယ်စားလှယ် လောင်းဟာ အသက် ၃၀ ပြည့်ရမယ် လို့ပဲ သတ်မှတ်ထား တာလေ ။  ဒါပေမဲ့  စီစစ်ချိန်မှာ ပြည့်ရမှာလား ရွေးကောက်ပွဲ နေ့မှာ ပြည့်ရမှာလား ဆိုတာ တိတိ ကျကျ မပါဘူးလေ ” - ဟု စိုင်းလှကျော်က ပြောသည် ။


မြန်မာ နိုင်ငံ တဝှမ်း ပယ်ချခံ ရသည့် ကိုယ်စားလှယ် လောင်း စုစုပေါင်း ၈၈ ဦး ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက စက်တင်ဘာလ ၁ ရက်နေ့က ပြောသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates