ရွေးကောက်ပွဲ အောင်နိုင်ရေး ပင်လုံတွင် SNLD ကိုယ်စားလှယ် လောင်းများ ဆွေးနွေးမည်
သျှမ်းပြည်နယ် တောင်ပိုင်း ပင်လုံတွင် သျှမ်း တိုင်းရင်းသားများ ဒီမိုကရေ စီ အဖွဲ့ချုပ်မှ ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ် လောင်းများ တွေ့ဆုံ ဆွေးနွေး ပွဲနှင့် ပါတီ အောင်နိုင်ရေး အစည်း အဝေးများကို ကျင်းပ သွားမည် ဖြစ်ကြောင်း ပါတီ ဥက္ကဌ ခွန်ထွန်းဦးက ပြောသည် ။
“ ၀င်ရောက် ယှဉ်ပြိုင်မဲ့ ကိုယ်စားလှယ် လောင်းတွေ အတွက် လိုက်နာရမယ့် စည်းကမ်း တွေနဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရာမှာ ဆောင်ရန် ရှောင်ရန် ကိစ္စတွေကို သင်တန်းတွေ ပေးမယ် ။ ပါတီ အောင်နိုင်ရေး အတွက် ဆွေးနွေး မယ်ပေါ့ဗျာ ” ဟု SNLD ပါတီ ဥက္ကဌ ခွန်ထွန်းဦးက ပြောသည် ။
စက်တင်ဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ အထိ သုံးရက်တာ ကျင်းပမည့် အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ ရွေး ကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ ၊ ဗဟို အလုပ် အမှုဆောင် များနှင့် မြို့နယ် အသီးသီးမှ ပါတီ တာဝန် ရှိသူများ တက်ရောက် ကြမည် ဖြစ်သည် ။
သျှမ်းပြည်နယ် အတွင်း အပါဝင် ကချင် ပြည်နယ် ၊ စစ်ကိုင်းတိုင်း နှင့် မန္တလေး တိုင်းအတွင်း ရှိမဲဆန္ဒ နယ်ပေါင်း ၁၅၀ ခန့်တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် SNLD ပါတီ အနေဖြင့် ပါတီ စတင် တည်ထောင်ခဲ့သည့် ကာလက ချမှတ်ထားသည့် မူဝါဒ အတိုင်း ပင်လုံက တိကဝတ် များကို အကောင်ထည် ဖော်လာ စေရန်နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး ဆိုသည့် မူဝါဒကို ဆက်လက်စွဲ ကိုင်သွားမည် ဖြစ်ကြောင်းလည်း ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောသည် ။
Tags: News, politic


