ကျားဖြူပါတီထွက် သီပေါ ဥက္ကဌ တသီးပုဂ္ဂလဖြင့် လွှတ်တော် ၄ နေရာစလုံး ယှဉ်ပြိုင်မည်



သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် ကျားဖြူပါတီမှ နှုတ်ထွက်သည့် သီပေါမြို့နယ် ကျားဖြူပါတီဥက္ကဌ စိုင်းကာလိန်ဝမ်းမှ တသီးပုဂ္ဂလပါတီ အနေဖြင့် လွှတ်တော်ကိုယ်စား လှယ် ၄ နေရာစလုံး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည် ။


“ ကျမတို့တသီးပုဂ္ဂလက ၄ နေရာလုံးဝင်မယ် ။ ပြည်နယ်အမှတ် ၁ က စိုင်းနော်ခမ်း ၊ ပြည်နယ်အမှတ် ၂ က နန်းဆိုင်လင်းခမ်းအူ ၊ စိုင်းယွန့်မိန်းအူ က ပြည်သူ့လွှတ်တော်နဲ့ စိုင်းမိုးမြင့်သူ (ခေါ်) စိုင်းဖှဆုံ ကတော့ အမျိုးသား လွှတ်တော်မှာ ဝင်ပြိုင်မယ် ။ ဥက္ကဌကြီး ဦးကာလိန်ဝမ်း ကတော့ ဝင်မပြိုင်ဘူး ”  - ဟု တသီးပုဂ္ဂလ အဖွဲ့ဝင် နန်းဟွမ်ဆိုင်ယင်းက သျှမ်းသံတော် ဆင့်အား ရှင်းပြသည် ။


လူထုဘက်မှရပ်တည်ကာ ဒေသတွင်းလူထုအားလုံး လွတ်လပ်ခြင်း ၊ တရားမျှတခြင်း ၊ အခွင့်အရေးများရရှိခြင်း အတွက် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း အဖွဲ့ ဥက္ကဌ ဖြစ်သူ စိုင်းကာလိန်ဝမ်းက ပြောသည် ။


သျှမ်း / မြောက် ပြည်သူ့အကျိုးဆောင် အောင်မြင်ခြင်း ရှေ့သို့ အသင်း  အမည်ရ  The Public Service And Success Orientation Association (PSSOA) ကို ၂၀၁၅ ဩဂတ်စ်လက ဖွဲ့စည်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။


“ ကျနော်တို့မှာ ရည်ရွယ်ချက်က ၅ ချက်ရှိပါတယ် ။ ၁- ဒီမိုကရေစီရရှိရေးအတွက် လွှတ်တော်ထဲကနေပြီး ကျနော်တို့ ကြိုးစားသွားမယ် ၊ ၂- ဒေသတွင်းလူထူ လူ့အခွင့်အရေး မဆုံးရှုံးစေရေးအတွက် ကြိုးစားမယ် ၊ ၃- ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်း လူထုနဲ့ လက်တွဲပြီး ဆောင်ရွက်သွားမယ် ၊  ၄- အချင်းချင်းကြားကွဲပြားမှု မရှိစေရေးအတွက် စည်းလုံးညီညွတ်ရေးကို အထူးအလေးထားဆောင်ရွက်မယ် ၊ ၅- တိုင်းရင်းသားလုံးတန်း တူညီမျှမှုနဲ့ အခွင့်အရေးများ ရရှိစေရေးအတွက် ဆောင်ရွက်သွားမယ် ” ဟု ပြောသည် ။


PSSOA ကို  ဒေသတွင်းလူထုက ခေါဝ်ကပ်ခမ်း အမည်ရ ရွှေပြောင်းဖူး အဖွဲ့ ဟုလည်း ခေါ်ဆိုကြပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates