NCA လက်မှတ်ရေးထိုးခြင်းကို မိုင်းပန်ဒေသခံတချို့ ကြိုဆိုထောက်ခံ
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့တွင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုကို ကြိုဆိုထောက်ခံကြောင်း ဒေသခံလူထု ၁၀၀ ကျော် စုဆုံကာ ကြွေးကြော်မှုပြုလုပ်ခဲ့ကြောင်း သိရ သည် ။
![]() |
| ကျားဖြူပါတီ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကြည်ဦးဆောင်သော NCA လက်မှတ်ရေးထိုးပွဲ ထောက်ခံကြိုဆိုပွဲ |
၂၀၁၅ ခု အောက်တိုဘာလ ၁၅ ရက် နေပြည်တော်တွင် လက်နက်ကိုင် တိုင်းရင်းသား ၈ ဖွဲ့နှင့် အစိုးရတို့ တနိုင်ငံလုံးအပစ်ရပ်လက်မှတ်ရေး ထိုးပွဲပြု လုပ်နေစဉ် မိုင်းပန်မြို့ အလယ်ရပ်ရှိ ကျားဖြူ ပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမိုးကြည်နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည် ။
“ ငြိမ်းချမ်းရေးကိုကြိုဆိုထောက်ခံပါတယ် လို့အော်ကြတယ် ။ ငြိမ်းချမ်းရေး အပစ်ရပ်ရေးကို ပြည်သူ လူထုကအထူးလိုအပ်နေတယ် ။ အပစ်မရပ်ရင် လူထုအတွက် လယ်ယာစိုက်ပျိုးရေးမှာ အခက်အခဲ တွေရင်ဆိုင်ရမယ် ။ တိုက် ပွဲတွေဖြစ်ရင် သီးနှံတွေ ယူချိန်တန်ပေမယ့် ယူလို့မရဘူး ။ တက်ရောက် သူ ၁၂၀ လောက်ရှိပါတယ် ။ မနေ့က လုပ်ဖို့စီစဉ်ထားပေမယ့် အခြေအနေ အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်လိုက်ပါဘူး ။ မဟုတ်ရင်တော့ တက်ေ ရာက်သူ ၁၀၀၀ ကျော်ရှိမှာပေါ့ ။” - ဟု မိုင်းပန် မြို့ နယ် ကျားဖြူ ပါတီ ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းနောင့်က သျှမ်းသံတော်ဆင့် အား ပြောပြသည် ။
NCA အပစ်ရပ်လက်မှတ်ထိုးပြီး တိုက်ပွဲများ လုံးဝ ရပ်စဲမည်ဆိုပါက လူထု သွားလာဆက်ဆံမှု လွယ်ကူမည်ဖြစ်ကြောင်း ၊ ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်လွယ် ကူမည်ဖြစ်ကြောင်း ၊ ဥပဒေ ပြင်ပအဖွဲ့ အစည်း ၊ မတရားအသင်း ၊ ၁၇- ၁ တို့ မရှိတော့သည့်အတွက်လည်း လယ်ယာလုပ်ငန်းကို လွတ်လပ်စွာ လုပ်ကိုင် နိုင်မည်ဖြစ်ကြောင်း မိုင်းပန်ဒေသခံ ကျားဖြူပါတီက ပြောပါသည် ။
“ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ အနိစ္စတရားကိုတော့ လက်ခံရမယ်လေ ။ ဘာမှ မတည်မြဲ ဘူး ။ အမြဲတမ်းအေးချမ်းသွားမယ်လို့တော့ မပြောနိုင်ဘူး ။ ဒါပေမယ့် ဝဲဂယက်ကြောင့် ရေနစ်နေချိန်မှာ အခွင့်သာလို့ ရေပြင်ပေါ် ကို နှာခေါင်းလေးတချက်ဖော်နိုင်ချိန်မှာ အသက် အမြန်ရှူထားမှ ဝဲကယက် ကနေ ရုန်းထွက်ဖို့ ခွန်အားတွေ စုစည်းနိုင်မှာပေါ့ ။ အဲတာကြောင့် RCSS ဥက္ကဌကြီးက ငြိမ်းချမ်း ရေးလက်မှတ်ရေးထိုးတဲ့အတွက် သျှမ်းပြည်မှာနေ ထိုင်သူတွေအားလုံးဟာပညာရေး စီးပွါးရေး တွေမှာလွတ်လပ်စွာ လုပ်ဆောင် နိုင်ဖို့အခွင့်အလမ်း ရှိတယ်လို့ ယုံကြည်တဲ့အတွက် ကျနော်တို့ က ထောက်ခံ ရတာဖြစ်ပါတယ် ။” ဟုလည်း ကိုယ်စားလှယ်လောင်း စိုင်းနောင့် က ပြောဆို ပါသည် ။
မိုင်းပန်မြို့နယ် ဝိုးလိုင်းအုပ်စု ၊ ဝမ့်လန်း ၊ တောင်ကိုင်း ၊ ဟိုဖိုင်လုံ ၊ ဝမ့်မဖိန်းရွာ တို့မှ သျှမ်း ၊ လိဆော ၊ ပအိုဝ်း တိုင်းရင်းသားများ တက်ရောက် ဆန္ဒဖော် ထုတ် ပွဲ တက်ရောက်ကြသည်ဟုဆိုပါသည် ။
သှိုသော် အမျိုးသားရေးအတွက်လှုပ်ရှားသူ မိုင်းပန်လူငယ်တဦးဖြစ်သည့် စိုင်းအောင်ပ ကမူ ယခုတကြိမ် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပွဲမှသည် စစ်မှန်သောငြိမ်းချမ်းရေးမဖြစ်ပေါ်နိုင်ကြောင်း ၊ လက်ရှိတွင် သျှမ်းပြည် အလယ်ပိုင်း ကျေးသီး ၊ မိုင်းရှူး ၊ မိုင်းနောင် တို့တွင် အစိုးရတပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ၊ လူထု ၁၀၀၀ ကျော်မှ စစ်ဘေးတိမ်းရှောင် မှုပြုနေရသေးသဖြင့် NCA လက်မှတ်ရေးထိုးမှုအား မထောက် ခံကြောင်း ပြောဆိုပါသည် ။
ယနေ့ နေပြည်တော်တွင်ပြုလုပ်သော တနိုင်ငံလုံးအပစ်ရပ်စဲရေးလက် မှတ်ရေး ထိုးပွဲတွင် RCSS/SSA ပါဝင်သော တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ ၈ ဖွဲ့ ၊ သမ္မတကြီးဦးသိန်းစိန် ၊ အစိုးရကိုယ်စားလှယ် ၉ ဦးတို့ ပါဝင်လက်မှတ်ထိုးကြပါသည် ။
Tags: News, politic


